Samsung က ကိုရိုနာဗိုင်းရက်စ်ကြောင့် အိန္ဒိယက ဖုန်း စက်ရုံကို ယာယီ ပိတ်

Samsung က ကိုရိုနာဗိုင်းရက်စ်ကြောင့် အိန္ဒိယက ဒုတိယ စက်ရုံကို ယာယီ ပိတ်လိုက်ပါတယ်။ Uttar Pradesh ရှိ Noida က စက်ရုံ ဖြစ်ပြီး ၂၀၁၈ ခုနှစ် နွေရာသီက စတင် လည်ပတ်ခဲ့တာပါ။ အိန္ဒိယက Samsung ရဲ့ အကြီးမားဆုံး ဖုန်း စက်ရုံ ဖြစ်ပြီး အခုတော့ အစိုးရရဲ့ တောင်းဆိုမှုကြောင့် မတ်လ ၂၅ ရက်နေ့အထိ ပိတ်လိုက်ပါတယ်။

အရင်ကလည်း Samsung ဟာ ဗိုင်းရက်စ်ကြောင့် တောင်ကိုရီးယား၊ ဂူမီရှိ စက်ရုံကို ယာယီ ၂ ကြိမ်ပိတ်ခဲ့ဖူးပြီး ဗီယက်နမ်က စက်ရုံ ၁ ခုပဲ မပိတ်ဘဲ လည်ပတ်ခဲ့တာပါ။ Samsung ရဲ့ ပြောရေးဆိုခွင့် ရှိသူ ၁ ယောက်က ကုမ္ပဏီဟာ စမတ်ဖုန်း ထုတ်လုပ်တာ ပုံမှန်လည်ပတ်နိုင်အောင် ကြိုးစားနေတယ်လို့ ပြောပါတယ်။

LG ကလည်း အစိုးရရဲ့ တောင်းဆိုချက်အရ စက်ရုံ ၂ ခုကိုပိတ်မှာပါ။ ၁ ခုက Noida က ဖြစ်ပြီး နောက် ၁ ခုက Pune က ဖြစ်ပါတယ်။ မတ်လကုန်အထိ ပိတ်ထားမယ်လို့ သိရပါတယ်။

Ref : gsmarena

%d bloggers like this: