Facebook က Dark Mode ကို User အားလုံးအတွက် ဖြန့်ချိလိုက်ပြီ

Facebook က Dark Mode ကို Messenger မှာ ထည့်သွင်းပေးခဲ့တာ ၁ နှစ်လောက်ရှိပါပြီ။ မကြာခင်က Facebook ပိုင်တဲ့ WhatsApp မှာ ထည့်သွင်းပေးခဲ့ပြီး ဒတ်စတော့အတွက်တော့ အခုမှ ဖြန့်ချိပေးလိုက်ပါတယ်။ ဒတ်စတော့အတွက် Dark Mode မှာ Interface အသစ်တွေကို သုံးထားပါတယ်။ Stories , Events , Marketplaces နဲ့ Videos တွေကို အသားပေး ပြသထားတာတွေ့ရပါတယ်။


News Feed ကို ဆန်းသစ်ထားပြီး Android App နဲ့ တူသွားပါတယ်။ Home, Watch , Marketplace, Groups , Gaming စတဲ့ မီနူးတွေကို ထိပ်က Toolbar မှာ သုံးနိုင်ပါတယ်။ Dark Mode ကို သုံးဖို့အတွက် ညာဘက်ထိပ်က Drop-down မီနူးကို နှိပ်ပြီး Switch to New Facebook ကို ရွေးပေးပါ။ User Interface အသစ်ကို မြင်ရမှာ ဖြစ်ပြီး အဲဒီကနေ Dark Mode ကို ပြောင်းနိုင်ပါတယ်။

Dark Mode ကနေ ရိုးရိုး Mode ကို ပြန်ပြောင်းချင်ရင်လည်း Drop-down မီနူးကနေ Switch to Classic Version ကို ရွေးပေးပါ။ Facebook က Dark Mode ကို တစ်ကမ္ဘာလုံးအတွက် ဖြည်းဖြည်းချင်း ဖြန့်ချိပေးနေတာ ဖြစ်တဲ့အတွက် သင့်မှာ မရသေးရင် ရက်အနည်းငယ် စောင့်ဆိုင်းပေးပါ။

Ref : gizchina

%d bloggers like this: