ZTE Axon 11 5G ရဲ့ Specs တွေ ထွက်ပေါ်လာ

ZTE Axon 11 5G ကို ဒီလ ၂၃ ရက်နေ့မှာ ကြေညာတော့မှာဖြစ်ပြီး အလန်းစား Snapdragon 865 SoC မောင်းနှင်ထားမယ်လို့ ထင်ခဲ့ကြပါတယ်။ မနေ့ကတော့ သူ့ကို Geekbench မှာ တွေ့လာရပြီး စွမ်းဆောင်ရည်သင့် Chipset သုံးထားမယ်လို့ ဖော်ပြထားပါတယ်။ အခုတော့ တရုတ်က ထွက်လာတဲ့ သတင်းအရ အဲဒီ Chipset ဟာ Snapdragon 765G ဖြစ်မယ်လို့ သိရပါတယ်။

တရုတ်က သတင်းကပဲ Axon 11 5G မှာ ၆.၆ လက်မ FullHD+ 60Hz မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး အရင်က ထွက်ခဲ့တဲ့ ဓါတ်ပုံ ၁ ပုံအရ Waterdrop Notch တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ ဓါတ်ပုံမှာ အနောက်ကင်မရာ ၄ လုံးကိုတွေ့ရပြီး 64MP Main ကင်မရာ ပါလာနိုင်ပါတယ်။ အဲဒီကင်မရာကို Samsung က ထုတ်တာလား၊ Sony က ထုတ်တာလား ဆိုတာ မသိရသေးပါဘူး။

တရုတ်က သတင်းအရတော့ Sony IMX686 အစား Samsung 64MP ISOCELL Sensor သုံးထားမယ်လို့ သိရပါတယ်။ 18W Fast Charging ထောက်ပံ့ထားနိုင်ပေမယ့် ဘက်ထရီ ပမာဏကို မသိရသေးပါဘူး။

Ref : gsmarena

%d bloggers like this: