YouTube က ကိုရိုနာဗိုင်းရက်စ် သတင်းဌာနကို ဖန်တီးပေး

Google က YouTube မှာ ကိုရိုနာဗိုင်းရက်စ် သတင်းတွေကို ပြသပေးမယ့် Section ၁ ခုကို ပြုလုပ်ပေးလိုက်ပါတယ်။ Home Page မှာ ပြသပေးထားပြီး ယုံကြည်စိတ်ချရတဲ့ အရင်းအမြစ်တွေဆီက ဗိုင်းရက်စ် သတင်းတွေကို ရွေးချယ်ပေးထားပါတယ်။ Google က ရွေးချယ်ထားတဲ့ သတင်းမီဒီယာတွေကိုတော့ မပြောပြထားပေမယ့် ABC News , The Washington Post နဲ့ CNN တို့ ပါပါတယ်။

Google က လက်ရှိမှာ နိုင်ငံ ၁၆ ခုမှာ ကြည့်နိုင်ပြီ ဖြစ်ပြီး တိုးချဲ့ပြသပေးမယ်လို့ ပြောပါတယ်။ လာမယ့် ရက်ပိုင်းအတွင်းမှာ နိုင်ငံအသစ်တွေကနေ ကြည့်လို့ရတော့မယ်လို့ ထင်ပါတယ်။ YouTube က ၂၀၁၈ ခုနှစ်မှာ သတင်းမီဒီယာတွေဆီက သတင်းတွေကို သူ့ရဲ့ ပလက်ဖောင်းမှာ ပိုမို ပြသမယ်လို့ ကြေညာခဲ့ပါတယ်။

YouTube တင်မကဘဲ WhatsApp, Instagram နဲ့ Facebook တို့ကလည်း ဗိုင်းရက်စ် သတင်းတွေကို ယုံကြည်စိတ်ချရတဲ့ အရင်းအမြစ်တွေ ဖြစ်တဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း၊ ကုလသမဂ္ဂနဲ့ United Nations Development Programme တို့ကနေ ပြသပေးနေပါတယ်။ Google ကလည်း ဗိုင်းရက်စ် သတင်းအချက်အလက်တွေ ပြသပေးတဲ့ ဝက်ဘ်ဆိုက် ၁ ခုကို မကြာခင်ကပဲ လွှင့်တင်ပေးခဲ့ပါတယ်။

Ref : tnw

%d bloggers like this: