iPad Pro 2020 vs Huawei MatePad Pro: Specs Comparison

Apple က မကြာခင်ကပဲ iPad Pro 2020 ကို ပူပူနွေးနွေး ကြေညာခဲ့ပါတယ်။ အရင်မျိုးဆက်တွေလိုပဲ ၁၁ လက်မနဲ့ ၁၂.၉ လက်မ မော်ဒယ် ၂ မျိုးပါဝင်ပါတယ်။ Apple ဟာ တက်ဘလက် လောကမှာ အောင်ပွဲခံနေပါတယ်။ အခု iPad Pro 2020 ဟာလည်း တကယ်လန်းတဲ့ တက်ဘလက်လားဆိုတာ ပြိုင်ဖက် တက်ဘလက် ၁ လုံးနဲ့ နှိုင်းယှဉ်ပေးလိုက်ပါတယ်။ ပြိုင်ဖက် တက်ဘလက် အနေနဲ့ Huawei MatePad Pro မော်ဒယ်ကို ရွေးချယ်ထားပါတယ်။ နှိုင်းယှဉ်ပေးမယ့် iPad Pro 2020 က ၁၁ လက်မ မော်ဒယ် ဖြစ်ပါတယ်။


ဈေးနှုန်း

iPad Pro ရဲ့ တန်ဖိုးအနည်းဆုံး WiFi မော်ဒယ်ကို ၇၉၉ ဒေါ်လာ (၈၉၉ ယူရို) သတ်မှတ်ထားပါတယ်။ Huawei MatePad Pro WiFi မော်ဒယ်က ၅၄၉ ယူရို တန်ကြေးရှိပါတယ်။ MatePad Pro ဟာ ဈေးအများကြီး ပိုနည်းပေမယ့် Specs နဲ့ လုပ်ဆောင်ချက်တွေ အပိုင်းမှာ iPad Pro ကို မယှဉ်နိုင်ပါဘူး။ သူတို့ရဲ့ အားသာချက် ၊ အားနည်းချက် အသေးစိတ်ကို အောက်မှာ လေ့လာပါ။

Apple iPad Pro 2020 vs Huawei MatePad Pro: PRO and CONS

Huawei MatePad Pro

PRO
• 5G
• Faster charging
• Wireless charging and reverse charging
• More affordable
CONS
• Inferior performance

Apple iPad Pro 2020

PRO
• LiDAR scanner
• Better cameras
• Higher performance
• Face ID
CONS
• More expensive

Ref : gizmochina

%d bloggers like this: