Samsung Galaxy A71 5G ရဲ့ Specs တွေ ထွက်ပေါ်လာ

လက်ရှိ 5G Phone တွေရဲ့ ဈေးက အရမ်းမြောက်ပြီး ဘောစိတွေပဲ ကိုင်နိုင်မှာပါ။ အဲဒီအတွက် ကုမ္ပဏီတွေက ဈေးချိုတဲ့ 5G Phone တွေကို ထုတ်လုပ်ရောင်းချဖို့ ပြင်ဆင်နေကြပါတယ်။ အဲဒီအထဲမှာ Samsung လည်း ပါပါတယ်။ Samsung က ဈေးချိုတဲ့ 5G Phone ၁ လုံးကို ဖန်တီးနေပါတယ်။ အဲဒါက Galaxy A71 ဖြစ်ပါတယ်။

Samsung Galaxy A71 ရဲ့ 5G မော်ဒယ် သတင်းတွေ အရင်ကလည်း ထွက်ခဲ့ပါတယ်။ အခုလည်း TENAA ကိုရောက်လာပြီ ဖြစ်ပြီး သူ့ရဲ့ Specs တွေကို ဖော်ပြထားပါတယ်။ သူ့မှာ 4,370mAh ဘက်ထရီ ပါလာမှာ ဖြစ်ပြီး 25W Charging ထည့်ထားမှာပါ။ TENAA မှာ ဒီလောက်ပဲ ဖော်ပြထားပါတယ်။ မျက်နှာပြင် အရွယ်အစား၊ ဆဲလ်ဖီး ကင်မရာ ဒီဇိုင်းကို မသိရသေးသလို သူ့ရဲ့ ဓါတ်ပုံတွေလည်း အခုထိ မထွက်လာသေးပါဘူး။

အဲဒီ ဖုန်းဟာ ပြီးခဲ့တဲ့ လက Geekbench ကို ရောက်လာပြီး 5G ပါတဲ့ Exynos 980 SoC မောင်းနှင်ထားပါတယ်။ အဲဒီ Chipset ဟာ 5G ဆက်သွယ်မှုနဲ့ WiFi 6 Standard ပါတဲ့ စွမ်းဆောင်ရည်သင့် Chipset ဖြစ်ပါတယ်။ 6GB RAM နဲ့ Android 10 ပါလာပါတယ်။ သူ့ရဲ့ သတင်းအချက်အလက်တွေ မကြာခင် ထပ်မံ ထွက်လာနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: