Samsung Galaxy S20 5G Iron Man Edition ကို တရုတ်မှာ ရောင်းချ

Samsung က စွမ်းရည်မြင့် Galaxy S20 Series ကို ပြီးခဲ့တဲ့လက ကြေညာခဲ့ပါတယ်။ အဲဒီဖုန်းတွေအတွက် အရောင်မျိုးစုံ ထုတ်လုပ်ပေးထားပြီး တချို့ အရောင်တွေကို နောက်ပိုင်းကျမှ ရောင်းပေးခဲ့တာပါ။ မကြာခင်ကလည်း Galaxy S20 Series အတွက် 2020 Olympic Games Edition ကို ကြေညာခဲ့ပါတယ်။ အခုတော့ တရုတ်မှာ Galaxy S20 5G Iron Man Edition ကို ရောင်းပေးလိုက်ပါတယ်။

Galaxy S20 5G, Galaxy S20+ 5G နဲ့ Galaxy S20 Ultra 5G အတွက် Iron Man Edition ကို ထုတ်လုပ်ပေးလိုက်တာ ဖြစ်ပြီး Tony Stark ရဲ့ Signature ပါတဲ့ အထူးထုတ် အနီရောင် ဘူးခွံ ထည့်ပေးထားပါတယ်။ ဘူးမှာ Stark Industries လို့ ရေးသားထားပြီး ဘူးထဲမှာ Custom Case ၊ Custom Earbuds နဲ့ Iron Man ရဲ့ ဝတ်စုံက Ar Reactor နဲ့တူတဲ့ Ring ၁ ခုပါလာပါတယ်။ Custom Theme ထည့်သွင်းထားပြီး အထူးထုတ် Wallpapers နဲ့ Ring Tones တွေ ပါပါတယ်။

Iron Man Edition ကို JD.com ကနေ ဝယ်ယူနိုင်ပါပြီ။ S20 5G (12/128GB) ကို ၆,၉၉၉ ယွမ်၊ S20+ (12/128GB) ကို ၇,၉၉၉ ယွမ် သတ်မှတ်ထားပြီး S20 Ultra အတွက် (12/256GB) နဲ့ (16/512GB) ထုတ်လုပ်ထားပါတယ်။ ၉,၉၉၉ ယွမ်နဲ့ ၁၂,၉၉၉ ယွမ် အသီးသီး သတ်မှတ်ထားပါတယ်။

Ref : gizchina

%d bloggers like this: