Xiaomi MIUI 12 စောစောထွက်လာနိုင်

Xiaomi က MIUI 11 ကို စတင် ဖြန့်ချိပေးထားတာ သိပ်မကြာသေးပါဘူး။ အခုတော့ MIUI 12 ရဲ့ သတင်းတွေ စထွက်လာပါတယ်။ MIUI 12 ကို အစောဆုံး အနေနဲ့ နောက်လမှာ ဖြန့်ချိပေးမယ်လို့ Mi Community Forum ကနေ သတင်းထွက်လာပါတယ်။

ဒီသတင်းကို Xiaomi က တရားဝင် ကြေညာတာ မဟုတ်ဘဲ User ၁ ယောက်က သတင်းပေးထားတာပါ။ MIUI 12 Beta Build ကို အစောဆုံး အနေနဲ့ လာမယ့်လမှာ ဖြန့်ချိပေးနိုင်ပြီး Test Versions တွေကို စမ်းသပ်ပြီးနေပြီလို့ သိရပါတယ်။ မေလမှာလည်း Beta Versions တွေကို ဆက်လက်ဖြန့်ချိမှာ ဖြစ်ပြီး ပထမဆုံး Stable Version ကို အောက်တိုဘာလလောက်မှာ ဖြန့်ချိနိုင်ပါတယ်။

MIUI 12 သတင်းထွက်လာတာ ဒါ ပထမဆုံး မဟုတ်ပါဘူး။ မကြာခင်ကလည်း MIUI Test Version မှာ နောက် ၁ ပတ်အတွင်း Beta Version ကို ဖြန့်ချိပေးမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ MIUI 12 ရဲ့ လုပ်ဆောင်ချက်တွေကို မသိရသေးပေမယ့် Dark Mode ပိုကောင်းလာနိုင်ပြီး 16:9 Screen ကို ထောက်ပံ့လာနိုင်ပါတယ်။ User Interface ကိုလည်း ဆန်းသစ်ထားနိုင်ပါတယ်။

Ref : gizchina

%d bloggers like this: