Xiaomi Mi 10 ကို ပြန်ရောင်းပြီ

ကိုရိုနာဗိုင်းရက်စ်ကြောင့် ကုန်ထုတ်လုပ်မှုတွေ ရပ်နားခဲ့ရတဲ့အတွက် တရုတ်မှာ Xiaomi Mi 10 Series တွေ ရောင်းတာကို ရပ်နားခဲ့ရပါတယ်။ အခုတော့ Xiaomi CEO Lei Jun က တရုတ်မှာ ဗိုင်းရက်စ်ကို ထိန်းချုပ်နိုင်ပြီ ဖြစ်ပြီး စက်ရုံတွေ ပြန်လည်ပတ်နိုင်ပြီ ဖြစ်တဲ့အတွက် Mi 10 ကို ၂၁ ရက်နေ့မှာ ပြန်လည် ရောင်းပေးလိုက်ပြီလို့ ပြောပါတယ်။

Xiaomi က စွမ်းရည်မြင့် Mi 10 နဲ့ Mi 10 Pro ကို ဖေဖော်ဝါရီလမှာ စရောင်းပေးခဲ့ပါတယ်။ သူတို့မှာ ၆.၆၇ လက်မ Full HD+ Curved AMOLED မျက်နှာပြင်တွေ ပါလာပြီး 90Hz Refresh Rate န့ 180Hz Touch Sampling Rate တွေပါတဲ့အတွက် မျက်နှာပြင်ရဲ့ တုန့်ပြန်မှုက လန်းပါတယ်။ Snapdragon 865 နဲ့ 5G ပါပါတယ်။ Liquid Cooling Plate ပါတဲ့အတွက် အပူချိန် လျှော့ချပေးပြီး 12GB LPDDR5 RAM အထိ ရွေးချယ်နိုင်ပါတယ်။ Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။

108MP Samsung Sensor ပါလာပြီး OIS ကို ထောက်ပံ့ထားပါတယ်။ Low-light မှာ အရမ်း အသေးစိတ်ကျတဲ့ ပုံရိပ်တွေဖမ်းယူပေးနိုင်တဲ့ RAW Multi-frame Noise Reduction Algorithm ပါပါတယ်။ 2x Optical Zoom ပါတဲ့ 12MP Telephoto ၊ 10x Hybird Zoom နဲ့ 50x Digital Zoom ပါတဲ့ 8MP Telephoto နဲ့ 20MP Ultrawide Angle ကင်မရာတွေနဲ့ အားဖြည့်ထားပါတယ်။ Mi 10 Pro ဟာ DxOMark မှာ ရမှတ်အများဆုံး ဖြစ်နေပါတယ်။

Mi 10 မှာ 30W Fast Charge ပါတဲ့ 4780mAh ဘက်ထရီနဲ့ Mi 10 Pro မှာ 50W Fast Charging ပါတဲ့ 4500mAh ဘက်ထရီတွေ ပါလာပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ 30W Wireless Fast Charging နဲ့ 10W Wireless Reverse Charging ပါတဲ့အတွက် တခြား ဖုန်းတွေကို ကြိုးမဲ့ အားသွင်းပေးနိုင်ပါတယ်။

Xiaomi Mi 10 / Mi 10 Pro specifications

• 6.67-inch (2340 × 1080 pixels) Full HD+ AMOLED 19.5:9 aspect ratio HDR10 + display with 90Hz refresh rate, 1120nit (HBM) / 800nit (Typ) brightness, 5000000:1 (Min) contrast ratio, DCI-P3 Wide Color Gamut, Corning Gorilla Glass 5 protection
• Octa Core (1 x 2.84GHz + 3 x 2.42GHz + 4 x 1.8GHz Hexa) Snapdragon 865 7nm Mobile Platform with Adreno 650 GPU
• 8GB LPPDDR5 RAM with 128GB / 256GB UFS 3.0 storage / 12GB LPPDDR5 RAM with 256GB / 512GB UFS 3.0 storage
• Dual SIM (nano + nano)
• MIUI 11 based on Android 10
• 108MP rear camera with 1/ 1.33″ Samsung sensor, 0.8μm pixel size, f/1.69 aperture, OIS, 8P lens LED flash, 12MP 1/2.6-inch 2PD sensor with 1.4um for 2x zoom and portrait, 8MP telephoto lens for 10x hybrid zoom and 50x digital zoom, 5x optical zoom, OIS, 20MP 117° (13MP 123° in Mi 10) ultra-wide angle lens, 8k at 30fps, 4k 60fps, 960fps at 720p
• 20MP front-facing camera
• In-display fingerprint sensor, Infrared sensor
• USB Type-C audio, Hi-Res audio, 1216 1.0cc speaker
• Dimensions: 162.6×74.8×8.96mm; Weight: 208g
• 5G SA/NSA Dual 4G VoLTE, WiFi 6 802.11 ax (2.4GHz + 5GHz) 8 x / MU-MIMO, Bluetooth 5.1, GPS (L1 + L5), NFC, USB Type-C
• Mi 10— 4780mAh (Typical) / 4680mAh (Minimum) battery with 30W QC 4+ / PD3.0 wired and wireless fast charging, 10w wireless reverse charging
• Mi 10 Pro — 4500mAh (Typical) / 4400mAh (Minimum) battery with 50W QC 4+ / PD3.0 wired, 30W wireless fast charging, 10w wireless reverse charging

Mi 10 အတွက် Titanium Black, Ice Blue နဲ့ Peach Gold အရောင်တွေ ထုတ်လုပ်ထားပြီး 8/128GB , 8/256GB နဲ့ 12/256GB တွေ ထုတ်လုပ်ထားပါတယ်။ ဈေးအနည်းဆုံးက ၈ သိန်းလောက်ရှိပါတယ်။ Mi 10 Pro အတွက် Starry Blue နဲ့ Pearl White အရောင်တွေ ထုတ်လုပ်ထားပြီး 8/256GB , 12/256GB နဲ့ 12/512GB တွေ ထုတ်လုပ်ထားပါတယ်။ ဈေးအနည်းဆုံးက ၁၀ သိန်းလောက်ရှိပါတယ်။

Ref : fonearena

%d bloggers like this: