Huawei ရဲ့ တတိယ ရောင်းအားအကောင်းဆုံး ဖုန်း ကုမ္ပဏီနေရာကို ဖေဖော်ဝါရီလမှာ လုယူလိုက်တဲ့ Xiaomi

Xiaomi ဟာ ၂၀၂၀ ဖေဖော်ဝါရီလမှာ ကမ္ဘာ့ တတိယ ရောင်းအား အကောင်းဆုံး ဖုန်း ကုမ္ပဏီ ဖြစ်လာပါတယ်။ ပထမဆုံး အကြိမ် Huawei ကို ကျော်တက်သွားတာပါ။ အဲဒီလမှာ Huawei ဟာ ဖုန်း အလုံးရေ ၅.၅ သန်းနဲ့ Xiaomi က ၆ သန်း ရောင်းချခဲ့ရပါတယ်။ ဇန်နဝါရီလထက် ရောင်းအားတွေ ကျခဲ့ပြီး အဲဒီလမှာ Huawei က ၁၂.၂ သန်းနဲ့ Xiaomi က ၁၀ သန်း ရောင်းချခဲ့ရပါတယ်။

Huawei ဟာ ၂၀၁၉ ဖေဖော်ဝါရီလထက် ဒီနှစ် ဖေဖော်ဝါရီလမှာ ဖုန်း ရောင်းအား ၇၀ ရာခိုင်နှုန်းနဲ့ Xiaomi က ၃၀ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ ၂၀၂၀ ဖေဖော်ဝါရီလမှာ စုစုပေါင်း ဖုန်း ရောင်းအား ၆၂ သန်းရှိခဲ့ပြီး ၂၀၁၉ ကထက် ၃၉ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။

ဒီနှစ် ဖေဖော်ဝါရီလမှာ Samsung က ၁၈.၂ သန်းနဲ့ နံပါတ် ၁ ရောင်းအား အကောင်းဆုံး ဖြစ်လာပြီး နံပါတ် ၂ နေရာမှာ ၁၀ သန်းနဲ့ Apple က ရပ်တည်နေပါတယ်။ Huawei ရဲ့ ဖုန်းတွေမှာ Google Apps နဲ့ Services မပါတဲ့အတွက် တရုတ် ပြင်ပမှာ ဖုန်း ရောင်းအား ကျနေပါတယ်။ အဲဒီအချိန်မှာ Xiaomi လို ကုမ္ပဏီတွေက Brand မျိုးစုံကနေ ဈေးချိုတဲ့ ဖုန်းများစွာကို ထုတ်လုပ်ရောင်းချနေတဲ့အတွက် ရောင်းအားတက်လာတာပါ။

ကိုရိုနာဗိုင်းရက်စ်ကြောင့် ဖေဖော်ဝါရီလအတွင်းမှာ တရုတ် ဖုန်း‌ဈေးကွက် ထိခိုက်ခဲ့ပါတယ်။ ဒါပေမယ့် တရုတ်မှာ ဗိုင်းရက်စ်ကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပြီး အနောက် နိုင်ငံတွေမှာ အခြေအနေ ဆိုးရွားနေပါတယ်။

Ref : gsmarena

%d bloggers like this: