၃ သိန်းကျော်ပဲရှိတဲ့ Poco X2 ကို အကန့်အသတ် မရှိ ရောင်းပြီ

အိန္ဒိယမှာ Poco X2 ကို အကန့်အသတ်နဲ့ ရောင်းပေးထားပါတယ်။ အခုတော့ အကန့်အသတ် မရှိ ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကြေညာခဲ့တဲ့ Redmi K30 4G ကို အခြေပြု ဖန်တီးထားတာပါ သူ့မှာ ၆.၆၇ လက်မ Full HD+ “Reality Flow” LCD မျက်နှာပြင် ထည့်သွင်းထားပြီး 120Hz Refresh Rate ပါတဲ့အတွက် ဂိမ်းကစားရင်၊ ဖုန်း သုံးရင် မျက်နှာပြင် တုန့်ပြန်မှုက အရမ်း မြန်ပါတယ်။

Screen-to-body Ratio က ၉၁ ရာခိုင်နှုန်းတောင် ရှိတဲ့အတွက် ဘောင်ပျောက် ဒီဇိုင်းက မိုက်ပါတယ်။ Snapdragon 730G , 8GB RAM နဲ့ Android 10 အခြေပြု MIUI 11 မောင်းနှင်ထားပါတယ်။ အနောက်ဘက်မှာ 64MP Sony IMX686 , 8MP Ultrawide , 2MP Super Macro နဲ့ 2MP Portrait ကင်မရာတွေ ပါပါတယ်။

Gorilla Glass 5 နဲ့ ကာကွယ်ထားပြီး ဘေးဘက်မှာ လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပါတယ်။ 27W Fast Charging ထောက်ပံ့တဲ့ 4500mAh ဘက်ထရီက သက်တမ်း အရမ်းကောင်းမှာပါ။ အပြာ၊ ခရမ်းနဲ့ အနီရောင် ထုတ်လုပ်ထားပြီး 6/64GB ကို ၁၅,၉၉၉ ရူပီး ၊ 6/128GB ကို ၁၆,၉၉၉ ရူပီးနဲ့ 8/256GB ကို ၁၉,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၃ သိန်း ၂ သောင်း၊ ၃ သိန်း ၅ သောင်းနဲ့ ၄ သိန်း ၁ သောင်းလောက် အသီးသီး ကျသင့်မှာပါ။

POCO X2 specifications

• 6.67-inch (1080 × 2400 pixels) Full HD+ 20:9 LCD screen with 120Hz refresh rate, HDR 10, Corning Gorilla Glass 5 protection
• Octa Core (2.2GHz Dual + 1.8GHz Hexa) Snapdragon 730G 8nm Mobile Platform with Adreno 618 GPU
• 6GB LPDDR4X RAM with 64GB / 128GB (UFS 2.1) storage, 8GB LPDDR4X RAM with 256GB (UFS 2.1) storage, expandable memory up to 512GB
• Android 10 with MIUI 11
• Hybrid Dual SIM (nano + nano / microSD)
• 64MP rear camera with LED Flash, Sony IMX686 sensor, 0.8μm, f/1.89 aperture, 8MP 120° ultra-wide sensor with 1.12μm, f/2.2 aperture, 2MP depth and 2MP macro sensor with 1.75μm, f/2.4 aperture, 4K 30fps, 960 fps at 720p
• 20MP front-facing camera with f/2.2 aperture, 2MP secondary camera with 1.75μm pixel size for portrait
• Side-mounted fingerprint sensor, IR sensor
• 3.5mm audio jack, FM Radio, 1217 Linear Speaker, Qualcomm Aqstic WCD937x audio codec
• Splash resistant (P2i coating)
• Dimensions: 165.3×76.6×8.79mm; Weight: 208g
• Dual 4G VoLTE, WiFi 802.11 ac (2.4GHz + 5GHz), VoWiFi, Bluetooth 5, GPS/GLONASS/Beidou, USB Type-C
• 4500mAh (Typical) / 4400mAh (Minimum) battery with 27W fast charging

Ref : gsmarena

%d bloggers like this: