Apple က iPad Pro မော်ဒယ် အသစ်တွေကို ကြေညာ

Apple က iPad Pro မော်ဒယ် အသစ်တွေကို ကြေညာလိုက်ပါတယ်။ အဲဒီထဲမှာ iPad Pro 12.9 လက်မလည်း ပါလာပြီး စတုတ္ထမျိုးဆက် ဖြစ်ပါတယ်။ ဒါ့အပြင် ဒုတိယမျိုးဆက် iPad Pro 11 လက်မလည်း ပါလာပါတယ်။ တက်ဘလက် အသစ်တွေမှာ ကင်မရာ စနစ် အသစ်ကို ထည့်သွင်းပေးထားပြီး အနောက်ဘက်မှာ ကင်မရာ ၂ လုံးပါလာပါတယ်။ 12MP နဲ့ 10MP တွေ ဖြစ်ပြီး 4K Video တွေ ဖမ်းယူပေးနိုင်ပါတယ်။

Apple ရဲ့ နောက်ဆုံးထုတ် A12Z Bionic Chipset မောင်းနှင်ထားပြီး Core ၈ လုံး ပါပါတယ်။ 128GB Base Storage အပြင် 256GB , 512GB နဲ့ 1TB တွေ ရွေးချယ်နိုင်ပါတယ်။ တက်ဘလက်အသစ်တွေမှာ Magic Keyboard အသစ် ပါလာပြီး ၁၃၀ ဒီဂရီ ခေါက်ချိုးနိုင်ပါတယ်။ Keyboard မှာ Trackpad လည်း ပါလာပြီး တက်ဘလက် အသစ်တွေမှာ စတူဒီယို အရည်အသွေး ထောက်ပံ့တဲ့ မိုက်ကရိုဖုန်းတွေ ထည့်သွင်းထားပါတယ်။

WiFi 6 , Bluetooth 5.0 , GPS နဲ့ USB -C တွေ ထည့်သွင်းထားပြီး LTE နဲ့ eSIM တွေကိုလည်း ရွေးချယ်နိုင်ပါတယ်။ iPad Pro 12.9 မော်ဒယ်မှာ 36.71 Watt-hour ဘက်ထရီနဲ့ 11 လက်မ မော်ဒယ်မှာ 28.65 Watt-hour ဘက်ထရီ ပါပါတယ်။ 11 လက်မ WiFi မော်ဒယ်ကို ၇၉၉ ဒေါ်လာနဲ့ LTE မော်ဒယ်ကို ၉၄၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ 12.9 လက်မ WiFi မော်ဒယ်ကို ၉၉၉ ဒေါ်လာနဲ့ LTE မော်ဒယ်ကို ၁၁၄၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena

%d bloggers like this: