48MP ကင်မရာပါတဲ့ Samsung Galaxy M21 ကို ကြေညာပြီ

Samsung က အိန္ဒိယမှာ M Series ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Galaxy M21 လို့ နာမည်ပေးထားပြီး ၆.၄ လက်မ Full HD+ Infinity-U Super AMOLED မျက်နှာပြင် တပ်ဆင်ထားပါတယ်။ Exynos 9611 10nm SoC မောင်းနှင်ထားပြီး 4GB RAM ပါလာပါတယ်။

အနောက်ဘက်မှာ 48MP Main , 8MP Ultrawide , 5MP Depth ကင်မရာ ၃ လုံး ထည့်သွင်းထားပြီး အရှေ့ဘက်မှာတော့ 20MP ကင်မရာ ပါလာပါတယ်။ ပလတ်စတစ် ကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး Dual SIM နဲ့ microSD Slot တွေ တပ်ဆင်ထားပါတယ်။ 15W Fast Charging ထောက်ပံ့တဲ့ 6,000mAh ဘက်ထရီ ပါလာပါတယ်။

Samsung Galaxy M21 specifications

• 6.4-inch (2340 x 1080 pixels) Full HD+ Infinity-U Super AMOLED display with 420nits brightness, Corning Gorilla Glass 3 protection
• Octa-Core (Quad 2.3GHz + Quad 1.7GHz) Exynos 9611 10nm processor with Mali-G72MP3 GPU
• 4GB LPDDR4x RAM with 64GB / 128GB (UFS 2.1) Storage, expandable up to 512GB via micro SD card
• Android 10 with One UI 2.0
• Dual SIM (nano + nano / microSD)
• 48MP rear camera with LED flash, 8MP 123° ultra-wide angle camera with f/2.2 aperture, 5MP depth sensor with f/2.2 aperture
• 20MP front camera with f/2.0 aperture
• Fingerprint sensor
• 8.9mm thick; Weight: 188g
• 3.5mm audio jack, FM Radio, Dolby Atmos
• Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5, GPS + GLONASS, USB Type-C
• 6000mAh battery with 15W fast charging

Midnight Blue နဲ့ Raven Black အရောင်တွေ ထုတ်လုပ်ထားပြီး 4/64GB ကို ၁၂,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၂ သိန်း ၅ သောင်းလောက်ရှိပါတယ်။ 128GB Version ကိုလည်း ရွေးချယ်နိုင်ပြီး မတ်လ ၂၃ ရက်နေ့မှာ ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: