Caviar က ကိုရိုနာဗိုင်းရက်စ်ကို တိုက်ဖျက်မယ့် Theme တွေ ပါတဲ့ iPhone 11 Pro ကို ရောင်းချ

Caviar က နာမည်ကြီး ဖုန်းတွေကို ရွှေ၊ ကျောက်မျက်ရတနာတွေနဲ့ အလှဆင် ရောင်းချရာမှာ နာမည်ကြီးပါတယ်။ အခုလည်း ကိုရိုနာဗိုင်းရက်စ်ကို တိုက်ဖျက်မယ့် Theme တွေပါတဲ့ iPhone 11 Pro ကို ကြေညာလိုက်ပါတယ်။ ကမ္ဘာအဝန်းမှ ယဉ်ကျေးမှုမျိုးစုံက ရန်သူတွေကို ကာကွယ်တဲ့ Theme တွေကို ရွှေနဲ့ အလှဆင်ထားပါတယ်။

၁၈ ကာရက်ရွှေနဲ့ သွန်းလောင်းထားပြီး Hand of Fatima, St. Nicholas , Blooming Lotus နဲ့ Dragon ဗားရှင်း ၄ မျိုးထုတ်လုပ်ထားပါတယ်။ Hand of Fatima ကို ၉၉ လုံးပဲ ထုတ်လုပ်ရောင်းချမှာပါ။ တန်ဖိုးအနည်းဆုံး iPhone 11 Pro 64GB ကို ၅,၃၀၀ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၇၅ သိန်းလောက်ရှိပါတယ်။ ရွှေပမာဏပေါ် မူတည်ပြီး ဈေးပိုများတဲ့ မော်ဒယ်တွေ ထုတ်လုပ်ပေးထားပါတယ်။

Ref : gsmarena

%d bloggers like this: