ကိုရိုနာဗိုင်းရက်စ် ကူးစက်တာကို လျှော့ချဖို့ ပြည်သူတွေရဲ့ ဖုန်း တည်နေရာကို ခြေရာခံချင်နေတဲ့ အမေရိကန် အစိုးရ

အမေရိကန်မှာ ကိုရိုနာဗိုင်းရက်စ် ကူးစက်ခံရသူ ၆ ထောင်ကျော်ရှိလာတဲ့အတွက် အစိုးရက ကူးစက်တာ နည်းပါးစေမယ့် နည်းလမ်းတွေကို ရှာဖွေနေပါတယ်။ အိမ်ဖြူတော်က လူတွေ နီးနီးကပ်ကပ် မနေတာကို အလိုရှိနေပြီး နည်းပညာ ကုမ္ပဏီတွေနဲ့ ပူးပေါင်းကာ ပြည်သူတွေရဲ့ တည်နေရာ ဒေတာတွေကို စောင့်ကြည့်စစ်ဆေးချင်နေပါတယ်။

ကျန်းမာရေး အာဏာပိုင်တွေက ကူးစက်တာကို ထိထိရောက်ရောက် ခြေရာခံနိုင်အောင် တည်နေရာ ဒေတာတွေ ရယူဖို့အတွက် အစိုးရက Google , Facebook အပါအဝင် နည်းပညာ ကုမ္ပဏီတွေနဲ့ ဆွေးနွေးပြီးပြီလို့ သိရပါတယ်။ ဒီစီမံကိန်းဟာ အစောပိုင်း အဆင့်မှာပဲ ရှိနေသေးပြီး ကူးစက်တာကို ခြေရာခံနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေကြမှာပါ။

အမေရိကန် နည်းပညာ ကုမ္ပဏီတွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဗိုင်းရက်စ်ကို တိုက်ထုတ်နေကြပါတယ်။ ဒီတစ်ပတ် အစောပိုင်းက Alphabet ရဲ့ ကုမ္ပဏီခွဲ Verily က ကယ်လီဖိုးနီးယားမှာ ဗိုင်းရက်စ် ကူးစက်မှု ရှိ ၊ မရှိ စမ်းသပ်နိုင်မယ့် သတင်းအချက်အလက်တွေကို မျှဝေပေးတဲ့ ဝက်ဘ်ဆိုက်ကို တည်ထောင်ခဲ့ပါတယ်။ Microsoft ကလည်း အဲဒီနေ့မှာပဲ ဗိုင်းရက်စ် ကူးစက်တာကို ခြေရာခံနိုင်မယ့် Dashboard ကို ဖန်တီးပေးခဲ့ပါတယ်။

Google ကလည်း ဗိုင်းရက်စ် ရောဂါလက္ခဏာနဲ့ သတင်းအချက်အလက်တွေကို ဖော်ပြပေးနေပါတယ်။ နည်းပညာ ကုမ္ပဏီ အားလုံးဟာ သူတို့ ပလက်ဖောင်းတွေမှာ သတင်းအချက်အလက် အမှားတွေကို ဖယ်ရှားနေကြပါတယ်။

Ref : tnw

%d bloggers like this: