Apple iPhone 12 Pro နဲ့ Pro Max မှာပဲ ToF ကင်မရာ ပါမည်

ဒီနှစ်ထုတ်မယ့် iPhone မော်ဒယ်အားလုံးမှာ မဟုတ်ဘဲ iPhone 12 Pro နဲ့ 12 Pro Max တို့မှာပဲ Time of Flight 3D ကင်မရာ အသစ်ပါလာမယ်လို့ သတင်းထွက်လာပါတယ်။ iOS 14 ကနေ ဒီသတင်းအချက်အလက်တွေကို သိလာရတာ ဖြစ်ပြီး မော်ဒယ် ၃ လုံးထဲက ၂ လုံးမှာပဲ အဲဒီ ကင်မရာ ပါလာမယ်လို့ ဖော်ပြထားပါတယ်။ အဲဒီအတွက် အရင်က သတင်းထွက်ခဲ့သလို iPhone 12 မှာ ToF ကင်မရာ ပါလာမှာ မဟုတ်တော့ပါဘူး။

Time of Flight ကင်မရာက Portrait Photo တွေ ဖန်တီးတဲ့အခါ ပိုကောင်းလာစေမှာ ဖြစ်ပြီး iOS 14 မှာ Apple ဖန်တီးနေတဲ့ AR App အသစ်နဲ့ တွဲဖက် အလုပ်လုပ်နိုင်မှာပါ။ လက်ရှိ iPhone တွေမှာ ပင်မနဲ့ Telephoto ကင်မရာတွေကို ပူးပေါင်းပြီး Depth ကို တွက်ချက်နေတာပါ။ ToF က Depth Mapping လုပ်တဲ့အခါမှာ ပိုတိကျစေပါတယ်။

ဒါ့အပြင် iOS 14 က Code တွေအရ iPhone 9 မှာ အနောက်ကင်မရာ ၁ လုံးထဲ ပါလာမှာ ဖြစ်ပြီး ဗီဒီယို ရိုက်ကူးနေချိန်မှာ အသံကိုပါ ဖမ်းယူပေးနိုင်မယ်လို့ သိရပါတယ်။ iPhone 9 ဟာ iPhone SE ရဲ့ မျိုးဆက်ဖြစ်ပြီး iPhone 8 ကိုယ်ထည်ကို အခြေပြု တည်ဆောက်ထားမှာပါ။ Face ID အစား TouchID ကိုပဲ သုံးထားမှာဖြစ်ပြီး ၄.၇ လက်မ မျက်နှာပြင် ပါလာမှာပါ။ Apple A13 Bionic Chipset မောင်းနှင်ထားနိုင်ပြီး မတ်လနှောင်းပိုင်းမှာ ကြေညာပြီးနောက် သိပ်မကြာခင်မှာ ရောင်းဖို့ စီစဉ်ထားခဲ့ပေမယ့် ကိုရိုနာဗိုင်းရက်စ်ကြောင့် အချိန်နောက်ကျနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: