Apple က iPad Pro Models အသစ် ၄ လုံးကို မတော်တဆ ဖော်ပြမိ

Apple ရဲ့ တရုတ် ဌာနက iPad Pro Models အသစ် ၄ လုံးကို မတော်တဆ ဖော်ပြမိလိုက်ပါတယ်။ အခုတော့ အွန်လိုင်းကနေ မြန်မြန် ပြန်ဖျက်လိုက်ပြီ ဖြစ်ပေမယ့် လက်သွက်တဲ့ မီဒီယာတွေက Screenshot တွေ အမိအရ ဖမ်းယူလိုက်နိုင်ပါတယ်။

တက်ဘလက် ၄ လုံးထဲက ၂ လုံးရဲ့ မော်ဒယ် နံပါတ်တွေက A2228 နဲ့ A2229 တို့ ဖြစ်ပြီး သူတို့ကို ECC ရဲ့ ဒေတာဘေ့စ်မှာလည်း ဖော်ပြထားပြီးပါပြီ။ အခုတော့ တက်ဘလက် အသစ်တွေကို ကြေညာမယ့် နေ့ကို သိလာရပါပြီ။

တက်ဘလက် အသစ်တွေရဲ့ Specs တွေကို မသိရသေးပါဘူး။ ဒါပေမယ့် အရင်သတင်းတွေအရ အနောက်ကင်မရာ ၃ လုံးနဲ့ 3D Sensing နည်းပညာ ပါလာနိုင်ပါတယ်။ iPad Pro အသစ်မှာ ပိုကောင်းတဲ့ Mouse နဲ့ iPadOS အသစ်တွေ ထည့်သွင်းထားနိုင်ပါတယ်။ ကီးဘုတ် ကာဗာ ဒီဇိုင်း အသစ်ကို ပိုပြီး သုံးလို့ကောင်းအောင် ဖန်တီးထားနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: