55W Charging ပါလာမယ့် Lenovo Legion Gaming ဖုန်း

Lenovo က Legion Brand ကနေ Gaming ဖုန်း ထုတ်လုပ်ရောင်းချဖို့ ပြင်ဆင်နေပါတယ်။ Lenovo က သူ့ရဲ့ Teaser ၁ ခုကို မျှဝေလိုက်ပြီး 55W Fast Charging နဲ့ 5G ဆက်သွယ်မှု ပါလာမှာပါ။ Lenovo က သူ့မှာ Snapdragon 865 Chipset မောင်းနှင်ထားမယ်လို့ အတည်ပြုထားပြီး AnTuTu မှာ အမှတ် ၆ သိန်းကျော်ရထားပါတယ်။

မကြာခင်က Lenovo China Mobile ရဲ့ GM Chen Jin က Legion Gaming ဖုန်းမှာ အလန်းစား Cooling နည်းပညာ ပါမယ်လို့ အတည်ပြုလိုက်ပါတယ်။ အဲဒီ နည်းပညာရဲ့ သတင်းအချက်အလက် အသေးစိတ်ကို သူက မပြောသေးပေမယ့် ပြိုင်ဖက် Gaming ဖုန်းတွေထက် ပိုကောင်းမယ်လို့ သူက ပြောပါတယ်။ Lenovo ဟာ Gaming PC လောကမှာ ဆရာတစ်ဆူ ဖြစ်တဲ့အတွက် Gaming စမတ်ဖုန်း နယ်ပယ်မှာ အောင်မြင်လာမလား ဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။

Ref : gsmarena

%d bloggers like this: