iPhone 9 အပြင် iPhone 9 Plus ပါ ထွက်လာနိုင်

Apple ရဲ့ တန်ဖိုးနည်း iPhone 9 ရဲ့ သတင်းတွေ ထွက်နေတာ တော်တော်ကြာနေပါပြီ။ အခုတော့ 9to5Mac က iPhone 9 အပြင် iPhone 9 Plus ပါထွက်လာနိုင်တယ်လို့ ပြောပါတယ်။ iOS 14 က Code တွေမှာ ၅.၅ လက်မ မျက်နှာပြင်ပါတဲ့ မော်ဒယ်ကို မြင်ရတယ်လို့ ပြောပြီး အဲဒါဟာ iPhone 9 Plus ဖြစ်နိုင်ပါတယ်။ iPhone 9 မှာတော့ ၄.၇ လက်မ မျက်နှာပြင် ပါမယ်လို့ အရင်ထဲက သတင်းထွက်နေတာပါ။

iPhone 9 Plus ရဲ့ Specs အများစုဟာ iPhone 9 နဲ့ တူမှာပါ။ iPhone 9 မှာ Touch ID ကို Home Button မှာ မြှပ်နှံထားမှာ ဖြစ်ပြီး အရင်ကတော့ Face ID ပဲသုံးထားမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ iPhone 9 LCD မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး Full Screen Design မဟုတ်ပါဘူး။ အနောက်ဘက်ကို ဖန်နဲ့ ဖုံးအုပ်ထားမှာပါ။

iPhone 11 Series မှာလို A13 Bionic Chip မောင်းနှင်ထားမှာ ဖြစ်ပြီး 3GB RAM LPDDR4X RAM နဲ့ 64/128GB Storage တွေ ပါလာမှာပါ။ Space Gray , Silver နဲ့ Red အရောင်တွေ ထုတ်လုပ်ထားမှာဖြစ်ပြီး iPhone 9 ဟာ ဒီဇိုင်းပိုင်းမှာ iPhone 8 ကို အခြေခံတည်ဆောက်ထားတာလို့ သတင်းထွက်နေပါတယ်။

ကိုရိုနာ ဗိုင်းရက်စ်ကြောင့် iPhone 9 / iPhone SE 2 ရောင်းချချိန် နောက်ကျမယ်လို့ မကြာခင်က သတင်းထွက်လာပါတယ်။ ရောင်းချချိန်မှာလည်း ဝယ်လိုအားကို လုံလုံလောက်လောက် ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ပါဘူး။ အစောပိုင်း သတင်းတွေအရ Apple ဟာ မတ်လကုန်မှာ တန်ဖိုးနည်း iPhone 9 ကို ကြေညာဖို့ စီစဉ်ထားခဲ့ပြီး ဧပြီလ ၃ ရက်နေ့မှာ ရောင်းမှာပါ။ ဒါပေမယ့် ကုန်ကြမ်း မလုံလောက်တဲ့အတွက် ရောင်းချချိန်ကို နောက်ဆုတ်လိုက်ရတော့မှာပါ။

ref : gsmarena

%d bloggers like this: