Xiaomi က 10,000mAh Mi Wireless Powerbank ကို ကြေညာ

Xiaomi က 10,000mAh Mi Wireless Powerbank ကို ကြေညာလိုက်ပါတယ်။ 10W Fast Wireless Charging ထောက်ပံ့ထားပြီး Xiaomi ရဲ့ Global Vice President ဖြစ်သူ Manu Kumar Jain က “ ကြိုးတွေ မလိုတော့ဘဲ သက်သက်သာသာနဲ့ အားသွင်းနိုင်မှာပါ။ “ လို့ ပြောပါတယ်။


Xiaomi Mi Wireless Powerbank ကို USB Type C Port နဲ့ အားသွင်းနိုင်ပြီး သူ့ကို အားသွင်းနေချိန်မှာ တခြား ကိရိယာတွေကို ကြိုးမဲ့ အားသွင်းပေးနိုင်ပါတယ်။ Qi စံနှုန်းကို ထောက်ပံ့ထားပြီး လုံခြုံရေး အတွက် စမ်းသပ်ထားပြီးပါပြီ။

အိန္ဒိယမှာ Xiaomi ရဲ့ ဝက်ဘ်ဆိုက်ကနေ ရောင်းပေးနေပြီး မကြာခင်မှာ Amazon နဲ့ Flipkart တို့လို နာမည်ကြီး အွန်လိုင်းစတိုးတွေကနေ ဝယ်ယူနိုင်မယ်လို့ ထင်ပါတယ်။ အနက်ရောင် ၁ မျိုးထဲ ထုတ်လုပ်ပေးထားပြီး ၂,၄၉၉ ရူပီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၅ သောင်းလောက် ရှိပါတယ်။

Ref : gizmochina

%d bloggers like this: