Realme ရဲ့ စမတ်နာရီကို ဒီနှစ်ထဲ ကြေညာနိုင်

စမတ်ဖုန်း ကုမ္ပဏီတွေဟာ ချပ်ဝတ်တန်ဆာ ကွန်ပြူတာနယ်ပယ်ကို ပြုံတိုးဝင်လာကြပါတယ်။ OPPO နဲ့ Vivo တို့ အပြင် Realme ကလည်း ဒီနှစ်နှောင်းပိုင်းမှာ ပထမဆုံး စမတ်နာရီကို ကြေညာတော့မှာ ဖြစ်ပါတယ်။ အဲဒီ စမတ်နာရီဟာ အိန္ဒိယက BIS Certification ရပြီးသွားပြီးနောက် အခုတော့ IMDA Certification ရသွားပါတယ်။ အင်ဒိုနီးရှားမှာလည်း မှတ်ပုံတင်ထားပါတယ်။

IMDA မှာ ဘလူးတု ဆက်သွယ်မှုပါတဲ့ ချပ်ဝတ်တန်ဆာ ကွန်ပြူတာလို့ ဖော်ပြထားပေမယ့် တခြား Specs တွေကို မရေးသားထားပါဘူး။ Equipment Type မှာ Low-power Device အနေနဲ့ သတ်မှတ်ထားပါတယ်။ Realme CEO Madhav Sheth က ကုမ္ပဏီရဲ့ အနာဂတ် Lifestyle Product တွေရဲ့ Teaser Video ၁ ခုကို ပြီးခဲ့တဲ့ လက မျှဝေခဲ့ပါတယ်။ Video မှာ Realme စမတ်နာရီ၊ နားကြပ်၊ စားပွဲတင်နာရီ၊ စမတ်တီဗီနဲ့ တခြား ကိရိယာတွေကို ပြသထားပါတယ်။

Realme က စမတ်နာရီရဲ့ သတင်းအချက်အလက်တွေကို လျှို့ဝှက်ထားပါသေးတယ်။ လက်ရှိမှာ Realme ရောင်းချထားတဲ့ ၁ ခုထဲသော ချပ်ဝတ်တန်ဆာ ကွန်ပြူတာဆိုလို့ Realme Band ၁ ခုပဲရှိပါသေးတယ်။

Ref : gizchina

%d bloggers like this: