Samsung က သင့်ဖုန်းကို UV Light နဲ့ အခမဲ့ ပိုးသတ်ပေးမည်

Samsung က နိုင်ငံ ၁၉ ခုအတွက် Galaxy Sanitizing Services ကို ကြေညာလိုက်ပါတယ်။ Samsung စတိုးမှာ လာပြင်တဲ့ ဖုန်းတွေကို UV Light နဲ့ အခမဲ့ ပိုးသတ်ပေးမယ့် အစီအစဉ် ဖြစ်ပါတယ်။ ဓါတုဗေဒပစ္စည်းတွေ မပါဘဲ သင့်ဖုန်းကို ပိုးသတ်နိုင်မှာ ဖြစ်ပြီး သင့် ဖုန်းကိုလည်း မပျက်ဆီးစေပါဘူး။ Samsung က ဒီနည်းလမ်းကို သေသေချာချာ စမ်းသပ်ပြီးပါပြီ။

Samsung မဟုတ်တဲ့ ဖုန်းတွေကိုပါ အခမဲ့ ပိုးသတ်ပေးမှာ ဖြစ်တဲ့အတွက် တခြား Brand ကိုင်နေသူတွေအတွက်လည်း သတင်းကောင်းပါ။ ဒီနည်းလမ်းက ဖုန်းက ပိုးမွှား ၉၉.၉ ရာခိုင်နှုန်းကို စက္ကန့် ၃၀ အတွင်း ပိုးသတ်ပေးနိုင်ပါတယ်။ တက်ဘလက်နဲ့ စမတ်နာရီတွေအတွက်တော့ တချို့ စတိုးတွေကပဲ ပိုးသတ်ပေးမှာပါ။

Samsung Galaxy Sanitizing Service ပေးမယ့် နိုင်ငံတွေက Argentina, Chile, Croatia, Denmark, Finland, Japan, Republic of Korea, Malaysia, New Zealand, Norway, Pakistan, Peru, Poland, Russia, Spain, Sweden, United States, Ukraine နဲ့ Vietnam တို့ ဖြစ်ပါတယ်။ ဒါဟာ ပထမ အသုတ် နိုင်ငံတွေ ဖြစ်ပြီး နောက်တစ်သုတ်အတွက် မကြာခင်မှာ ပြုလုပ်ပေးမှာ ဖြစ်ပြီး အဲဒီ နိုင်ငံတွေက Australia, Austria, Canada, Czechia, France, Greece, Hong Kong, Hungary, India, Indonesia, Israel, Italy, Jordan, Kazakhstan, Latvia, Mexico, the Netherlands, Panama, the Philippines, Romania, Singapore, Taiwan, Thailand, the United Arab Emirates နဲ့ United Kingdom တို့ ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: