ဒီနှစ်နှောင်းပိုင်းမှာ OPPO Watch ကို အနောက်ဥရောပမှာ ရောင်းမည်

OPPO က မကြာခင်က တရုတ်မှာ သူ့ရဲ့ ပထမဆုံး စမတ်နာရီကို ကြေညာခဲ့ပြီး ၂၄ ရက်နေ့မှာ ရောင်းတော့မှာပါ။ အခုတော့ ဒုတိယဥက္ကဌ Brian Shen က ဒီနှစ်နှောင်းပိုင်းမှာ OPPO Watch ကို အနောက်ဥရောပမှာ ရောင်းမယ်လို့ ကြေညာလိုက်ပါတယ်။

OPPO Watch ကို တန်ဖိုးကြီး ဒီဇိုင်း ဝတ်ချင်သူတွေအတွက် ဖန်တီးထားတာပါ။ Curved AMOLED မျက်နှာပြင် ပါလာပြီး 326ppi ဖြစ်ပါတယ်။ ၁.၆ လက်မနဲ့ ၁.၉ လက်မ မော်ဒယ် ၂ ခု ထုတ်လုပ်ထားပြီး မျက်နှာပြင် ပတ်လည်က ဘောင်တွေက အရမ်းပါးလွှာပါတယ်။ အလူမီနီယမ် ကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး Navigate လုပ်ဖို့ ခလုတ် ၂ ခု ပါပါတယ်။

OPPO Watch က ကိုယ်လက်လှုပ်ရှားမှု၊ အိပ်စက်မှုနဲ့ နှလုံးခုန်နှုန်းတွေကို တိုင်းတာတွက်ချက်ပေးတဲ့အတွက် သင့်ရဲ့ သက်တော်စောင့် ၁ ယောက်လို အလုပ်လုပ်ပေးမှာပါ။ 5ATM စံနှုန်းပါတဲ့အတွက် ရေအနက် ၅၀ မီတာအထိ ဝတ်ဆင်နိုင်ပါတယ်။ Snapdragon Wear 2500 Chipset မောင်းနှင်ထားပြီး Apollo 3 Co-processor နဲ့ အားဖြည့်ထားပါတယ်။ 8GB Storage နဲ့ OPPO ရဲ့ ကိုယ်ပိုင် ColorOS Watch (Android အခြေပြု) မောင်းနှင်ထားပါတယ်။

SIM Slot မပါဘဲ eSIM ထောက်ပံ့ထားပါတယ်။ GPS, NFC နဲ့ Bluetooth 4.2 တွေ ပါပြီး Android 6.0 နဲ့ သူ့အထက် Android Device တွေနဲ့ချိတ်ဆက်နိုင်ပါတယ်။ ၁၇ မိနစ်အတွင်းမှာ ၅၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်တဲ့ Watch VOOC Charging ပါလာပါတယ်။ အလုပ်ပေါ်မူတည်ပြီး Snapdragon Wear Chipset နဲ့ Apolo Co-processor ကို အလိုလို ပြောင်းသုံးနိုင်တဲ့အတွက် ဘက်ထရီစားတာ သက်သာပါတယ်။ တစ်ခါအားသွင်းထားရင် နာရီ ၄၀ နဲ့ Power Saving Profile ကို သုံးရင် ၂၁ ရက်တောင် အသုံးခံတယ်လို့ OPPO က ပြောပါတယ်။

မတ်လ ၂၄ ရက်မှာ ရောင်းမှာ ဖြစ်ပြီး တရုတ်မှာ ၄၆ မီလီမီတာ မော်ဒယ်ကို ၁,၉၉၉ ယွမ်နဲ့ ၄၁ မီလီမီတာ မော်ဒယ်ကို ၁,၄၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၃ သိန်း ၉ သောင်းနဲ့ ၂ သိန်း ၉ သောင်း အသီးသီး ကျသင့်မှာပါ။

Ref : gsmarena

%d bloggers like this: