အီတလီက လူတွေ အိမ်မှာနေအောင် Pornhub က ပရီမီယမ် သုံးခွင့်ပေး

ကိုရိုနာဗိုင်းရက်စ်ဟာ အီတလီမှာ တော်တော်ဆိုးဆိုးရွားရွား ကူးစက်နေတဲ့အတွက် အစိုးရက နိုင်ငံ ၁ ခုလုံးကို အလုံးပိတ်ပြီး တိုက်ဖျက်နေပါတယ်။ နာမည်ကျော် အပြာကား ဝက်ဘ်ဆိုက် Pornhub ကလည်း အီတလီမှာ ဗိုင်းရက်စ်ကို ကူညီတိုက်ဖျက်ဖို့ ပါဝင်လာပါတယ်။ သူတိုက်ဖျက်တဲ့ နည်းလမ်းက ထူးဆန်းပါတယ်။ အီတလီက လူတွေ အိမ်မှာ နေအောင် ပရီမီယမ်ကို အခမဲ့ ပေးသုံးလိုက်တာပါ။

မတ်လ ၁ လလုံး Credit Card သတင်းအချက်အလက်တွေ ထည့်ပေးစရာ မလိုဘဲ ပရီမီယမ်ကို ခံစားကြည့်ရှုနိုင်မှာပါ။ Pornhub က အီတလီကို ငွေကြေးလည်း လှူဒါန်းမှာ ဖြစ်ပါတယ်။ အီတလီမှာ ဆေးဆိုင်နဲ့ ဟင်းချက်ကုန်ပစ္စည်းဆိုင်တွေကလွဲရင် တခြား ဆိုင်အားလုံးကို ပိတ်ထားပြီး စည်းကမ်းဖောက်ရင် ဥပဒေနဲ့ပါ အရေးယူမှာပါ။

Quarantine လုပ်တာကို ချိုးဖောက်ရင် ၃ လအထိ ထိန်းသိမ်းခံရမှာ ဖြစ်သလို ဒဏ်ငွေ ယူရို ၂၅၀၀ အထိ ပေးဆောင်ရမှာပါ။ ဗိုင်းရက်စ်ကူးစက်ခံထားရသူတွေဟာ သိသိကြီးနဲ့ ပြင်ပကို ထွက်ခွာပြီး တခြား သူတွေ ကူးစက်လို့ သေဆုံးသွားရင် လူသတ်မှုပြစ်ဒဏ်တောင် ချခံရမှာပါ။

Ref : tnw

%d bloggers like this: