iPhone 9 မှာ Face ID အစား TouchID ပဲသုံးထားမည်

iOS 14 ရဲ့ ကုဒ်တွေမှာ Apple နောက်ထုတ်မယ့် ထုတ်ကုန်တွေရဲ့ သတင်းအချက်အလက်တွေ ပါလာပါတယ်။ 9to5Mac က iPhone 9 or iPhone SE 2 , iPad Pro အသစ်နဲ့ Apple TV Device တို့ရဲ့ သတင်းအချက်အလက်တွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ iPhone 9 မှာ Touch ID ကို Homr Button မှာ မြှပ်နှံထားမှာ ဖြစ်ပြီး အရင်ကတော့ Face ID ပဲသုံးထားမယ်လို့ သတင်းထွက်ခဲ့ပါတယ်။

iPhone 9 မှာ Express Transit ကို ထောက်ပံ့ထားပြီး လန်ဒန်၊ နယူးယောက်၊ ပို့တ်လန်း၊ ဂျပန်၊ ဘေဂျင်းနဲ့ ရှန်ဟိုင်း မြို့တွေမှာ အများပြည်သူသုံး သယ်ယူပို့ဆောင်မှုအတွက် ဖုန်းနဲ့ ငွေပေးချေနိုင်မှာပါ။ iPhone 9 မှာ ၄.၇ လက်မ LCD မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး Full Screen Design မဟုတ်ပါဘူး။ အနောက်ဘက်ကို ဖန်နဲ့ ဖုံးအုပ်ထားမှာပါ။

iPhone 11 Series မှာလို A13 Bionic Chip မောင်းနှင်ထားမှာ ဖြစ်ပြီး 3GB RAM LPDDR4X RAM နဲ့ 64/128GB Storage တွေ ပါလာမှာပါ။ Space Gray , Silver နဲ့ Red အရောင်တွေ ထုတ်လုပ်ထားမှာဖြစ်ပြီး iPhone 9 ဟာ ဒီဇိုင်းပိုင်းမှာ iPhone 8 ကို အခြေခံတည်ဆောက်ထားတာလို့ သတင်းထွက်နေပါတယ်။

ကိုရိုနာ ဗိုင်းရက်စ်ကြောင့် iPhone 9 / iPhone SE 2 ရောင်းချချိန် နောက်ကျမယ်လို့ မကြာခင်က သတင်းထွက်လာပါတယ်။ ရောင်းချချိန်မှာလည်း ဝယ်လိုအားကို လုံလုံလောက်လောက် ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ပါဘူး။ အစောပိုင်း သတင်းတွေအရ Apple ဟာ မတ်လကုန်မှာ တန်ဖိုးနည်း iPhone 9 ကို ကြေညာဖို့ စီစဉ်ထားခဲ့ပြီး ဧပြီလ ၃ ရက်နေ့မှာ ရောင်းမှာပါ။ ဒါပေမယ့် ကုန်ကြမ်း မလုံလောက်တဲ့အတွက် ရောင်းချချိန်ကို နောက်ဆုတ်လိုက်ရတော့မှာပါ။

ref : gsmarena

%d bloggers like this: