Realme 6 vs Realme 6 Pro : ကွဲပြားချက်တွေကို လေ့လာကြည့်ခြင်း

Realme က စွမ်းရည်သင့် Realme 6 Pro နဲ့ တန်ဖိုးနည်း Realme 6 ကို မကြာခင်က ကြေညာခဲ့ပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ ပေးရတာထက်တန်တဲ့ Specs တွေ ထည့်သွင်းထားပြီး 90Hz Refresh Rate ပါလာပါတယ်။ သူတို့ ၂ လုံးမှာ တူညီတာတွေ ပါလာပေမယ့် ကွဲပြားတာတွေလည်း ရှိပါတယ်။

ဈေးနှုန်း

Realme 6 ကို 4/64GB ကို ၁၂,၉၉၉ ရူပီး၊ 6/128GB ကို ၁၄,၉၉၉ ရူပီးနဲ့ 8/128GB ကို ၁၅,၉၉၉ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၂ သိန်း ၄ သောင်း၊ ၂ သိန်း ၈ သောင်းနဲ့ ၃ သိန်းလောက် ကျသင့်မှာပါ။ Comet Blue နဲ့ Comet White ၂ ရောင်ထုတ်ထားပြီး ၁၁ ရက်နေ့မှာ အိန္ဒိယမှာ ရောင်းမှာပါ။

Realme 6 Pro ကို 6/64GB ကို ၁၆,၉၉၉ ရူပီး ၊ 6/128GB ကို ၁၇,၉၉၉ ရူပီးနဲ့ 8/128GB ကို ၁၈,၉၉၉ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၃ သိန်း ၂ သောင်း၊ ၃ သိန်း ၄ သောင်းနဲ့ ၃ သိန်း ၅ သောင်း အသီးသီး ကျသင့်မှာပါ။ Lightening Blue နဲ့ Lightening Orange ၂ ရောင်ထုတ်ထားပြီး ၁၃ ရက်နေ့မှာ ရောင်းမှာပါ။

Realme 6 Pro vs Realme 6: Specifications

ဖုန်း ၂ လုံးစလုံးမှာ Android 10 အခြေပြု Realme UI ပါလာပါတယ်။ Full HD+ Resolution က တူညီပေမယ့် Pro မှာ ၆.၆ လက်မနဲ့ 6 မှာ ၆.၅ လက်မ မျက်နှာပြင်တွေ တပ်ထားပါတယ်။ Pro မှာ Octa-core Snapdragon 720G နဲ့ 6 မှာ Octa-core MediaTek Helio G90T တွေ မောင်းနှင်ထားပါတယ်။

Pro ရဲ့ အနောက်ကင်မရာ ၄ လုံးက တော်တော်လန်းပြီး 64MP Main , 12MP Telephoto , 8MP Ultrawide နဲ့ 2MP Macro ကင်မရာတွေ ဖြစ်ပါတယ်။ ဆေးတောင့်ပုံ Punch Hole မှာ 16MP Sony IMX471 နဲ့ 8MP Ultrawide ကင်မရာ ၂ လုံး တပ်ဆင်ထားပြီး မြင်ကွင်းကျယ်ကင်မရာက ၁၀၅ ဒီဂရီအထိ ပံ့ပိုးပေးပါတယ်။ Realme 6 ရဲ့ အနောက်ဘက်မှာ 64MP Main Samsung GW1 Sensor , 8MP Ultra-wide , 2MP Macro နဲ့ 2MP B&W Portrait Lens တွေ ပါပါတယ်။ အရှေ့ဘက်မှာ 16MP ကင်မရာကို Punch Hole မှာ တပ်ဆင်ထားတာက ခေတ်မှီတဲ့ ဒီဇိုင်းပါ။ အနောက်ကင်မရာ ၃ လုံးက တူကြပြီး Realme 6 မှာ 12MP Telephoto အစား 2MP Portrait ထည့်ထားတာပဲ ကွာခြားပါတယ်။ ဒါ့အပြင် 6 မှာ 8MP Ultrawide အရှေ့ကင်မရာ ၁ လုံး မပါလာပါဘူး။

ဖုန်း ၂ လုံးစလုံးမှာ 5G မပါဘဲ 4G ပဲပါလာပြီး Bluetooth 5.0 ထည့်ထားပါတယ်။ 30W Flash Charge ပါတဲ့ 4,300mAh ဘက်ထရီ ပါလာပြီး အားသွင်းနှုန်းက လန်းပါတယ်။ အသေးစိတ်ကို အောက်ပါ ဇယားမှာ နှိုင်းယှဉ်နိုင်ပါတယ်။





Ref : gadgets.ndtv

%d bloggers like this: