0 Shares 219 Views

Xiaomi Redmi Note 3 ဖုန်းကို ဝေဖန်သုံးသပ်ကြည့်ခြင်း

Jan 16, 2016
0 219

တန်ဖိုးနည်းနည်းနဲ့ အမြင့်စားစွမ်းဆောင်ရည်တွေပါရှိတဲ့ Xiaomi Redmi Note 3 ဟာ သူ့ဈေးနဲ့ရနိုင်တဲ့ ဖုန်းတွေထဲမှာတော့ တော်တော်ကောင်းတဲ့ဖုန်းတစ်လုံးလို့ဆိုရမှာပါ။ ဝေဖန်ရေးဝက်ဘ်ဆိုဒ်တော်တော် များများကလည်း တန်ဖိုးနည်းဖုန်းတွေထဲမှာ လက်ရှိအကောင်းဆုံးစမတ်ဖုန်းတစ်လုံးလို့ မှတ်ချက်ပေးထားတဲ့ကြတဲ့ Xiamoi Redmi Note 3 ဖုန်းကို ဆန်းစစ်ဝေဖန်ကြည့်ရအောင်။

Xiaomi Redmi Note 3 ရဲ့ ဒီဇိုင်းပိုင်း

Redmi Note 3 မှာ အကြီးမားဆုံးပြောင်းလဲမှုကတော့ အလူမီနီယမ်ကိုယ်ထည်ဖြစ်ပါတယ်။ Redmi Note 2 ထက် ဖုန်းအရွယ်အစားကို ၂ မီလီမီတာလောက် လျှော့ထားပြီး ဘက်ထရီအားကိုတော့ မြှင့်ပေးထားတာကို တွေ့ရပါတယ်။ ဘက်ထရီကိုတော့ ဖြုတ်တပ်လို့ရတော့မှာမဟုတ်ဘဲ အသေဖြစ်သွားပါတယ်။

အလေးချိန် ၄ ဂရမ်ပဲရှိတာကြောင့် အလူမီနီယမ်ကိုယ်ထည်သုံးပြီး၊ ဘက်ထရီအားပမာဏမြှုင့်တင်ထားပေမယ့် လည်း ပေါ့ပါးနေတယ်လို့ဆိုရမှာပါ။ ဒီဇိုင်းပိုင်းပြောင်းလဲမှုအရ Redmi Note 3 မှာ microSD ကတ် ထပ်စိုက်လို့ ရမှာမဟုတ်တာကတော့ မကောင်းတဲ့အချက်ပါ။ Redmi Note 3 ၀ယ်မယ်ဆိုရင် 32 GB ကိုပဲ ၀ယ်ဖို့အကြံပြုချင်ပါတယ်။

Xiaomi Redmi Note 3 Display

သူ့ဈေးနဲ့ဆိုရင်တော့ ရုပ်ထွက်ကကောင်းတယ်လို့ပြောရမှာပါ။ ၅.၅ လက်မအရွယ်ရှိတဲ့ မျက်နှာပြင်၊ 1920X1080 pixels Full HD resolution ရှိတာကြောင့် ဒေါ်လာ ၁၀၀ ကျော်တန် ဖုန်းတွေထဲမှာတော့ အကောင်းဆုံးပဲလို့ဆိုရမှာပါ။

အရောင်အသွေးပိုင်းမှာလည်းပြောစရာမရှိပေယ့်၊ အကြီးမားဆုံးချွတ်ယွင်းချက်တစ်ခုကတော့၊ ဖန်သားပြင်ကို ခြစ်မိ၊ပွန်းမိရာတွေမဖြစ်အောင်လို့ အကာအကွယ်မပါရှိပါဘူး။

အထူးပါဝင်လာတဲ့စနစ်များ

လက်ဗွေရာဖတ်နိုင်တဲ့စနစ်

လက်ဗွေရာစနစ်ဆိုတာ တန်ဖိုးကြီး၊အရည်အသွေးမြင့်ဖုန်းတွေမှာ ထူးခြားတဲ့စနစ်မဟုတ်ပေမယ့်၊ ဒီလိုဈေးနဲ့ ဖုန်းမှာ ပါဝင်လာတာကတော့ တော်တော်ကောင်းတယ်လို့ပြောရမှာပါ။ လက်ဗွေရာအာရုံခံကိရိယာ (fingerprint sensor) အလုပ်လုပ်တာကလည်း တိကျမြန်ဆန်မှုရှိပါတယ်။

အနီအောက်ရောင်ခြည်သုံး sensor

Redmi Note 3 အပေါ်ဘက်မှာ တီဗီ၊ လေအေးပေးစက် စတာတွေကို ထိန်းချုပ်နိုင်တဲ့ အနီအောက်ရောင်ခြည်သုံးsensor ပါဝင်ပြီး တခြားနိုင်ငံတွေကို ဖြန့်ချိတဲ့ဖုန်းတွေမှာတော့ ဒီ sensor ကိုထိန်းချုပ်အသုံးပြုဖို့အတွက် ကြိုတင်သွင်းပေးထားတဲ့ app မပါရှိဘူးလို့ သိရပါတယ်။

Xiaomi Redmi Note 3 ရဲ့ ဆော့ဖ်ဝဲပိုင်း

Xiaomi ရဲ့ တခြားဖုန်းတွေလိုပဲ၊ Redmi Note 3 မှာ Xiaomi ရဲ့ MIUI 7 interface (ကြားခံဆက်သွယ်စနစ်) နဲ့ ဖြစ်ပြီး Android 5.0.2 Lollipop စနစ်ဖြစ်ပါတယ်။ Google Play လည်းပါရှိပါတယ်။

Xiaomi Redmi Note 3 ရဲ့ စွမ်းဆောင်ရည်ပိုင်း

Redmi Note 3 ကို octa-core MT6795 ပရိုဆက်ဆာကို အသုံးပြုထားပြီး 1.95 GHz မြန်နှုန်းရှိပါတယ်။ RAM 3GB တောင် ပါရှိတာကလည်း Redmi Note 3 ရဲ့ ထူးခြားမှုဖြစ်ပြီး ဂိမ်းအမြင့်တွေကို တန်ဖိုးနည်းဖုန်းတစ်လုံးနဲ့ ကောင်းကောင်းဆော့နိုင်တဲ့အနေအထားမှာရှိပါတယ်။ ပြဿနာကတော့ အထက်ကဖော်ပြခဲ့တဲ့အတိုင်း microSD ကတ်ထပ်စိုက်လို့မရတာကြောင့် internal memory 16 GB ဒါမှမဟုတ် 32 GB ကိုပဲ မှီခိုရမှာပါ။

Redmi Note 3 ဟာ တာဝန်အများအပြားတစ်ပြိုင်တည်းလုပ်ဆောင်ခြင်း (multi-tasking) လည်း ကောင်းမွန်ပြီး သုံးရတာ အဆင်ပြေချောမွေ့မှုရှိပါတယ်။ ဒါပေမယ့် ဘက်ထရီချွေတာမှုစနစ်ကို ပြောင်းထားရင်တော့ ဂိမ်းဆော့ရတာ နည်းနည်းလေးသွားပါတယ်။

Redmi Note 3 အသံပိုင်း

စပီကာနှစ်လုံးပါရှိပြီး အဓိကစပီကာကတော့ တော်တော်ကျယ်ပြီးကောင်းပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက အသံစပီကာပေါက်ဟာ ဖုန်းကိုင်လို့ရှိရင် လက်နဲ့အုပ်ထားသလိုဖြစ်နေပါတယ်။ အသံပိုင်းက အကောင်းဆုံးတော့မဟုတ်ပေမယ့် မဆိုးဘူးလို့တော့ပြောရမှာပါ။

Redmi Note 3 ကင်မရာ

Redmi Note 3 ရဲ့ အကြီးမားဆုံးအားနည်းချက်ကိုပြောရပါဆိုရင် ကင်မရာပဲဖြစ်မှာပါ။ 13 MP ရှိတဲ့ ကျောဘက်ကင်မရာရဲ့ ပုံအရည်အသွေးက အလင်းကောင်းကောင်းရတဲ့နေရာမှာဆို မဆိုးပေမယ့်၊ အလင်းသိပ်မရရင်တော့၊ ပုံရိပ်ပြတ်သားမှုမရှိတာကို တွေ့ရပါတယ်။ တခြား 13 MP ကင်မရာတွေနဲ့ယှဉ်မယ်ဆိုရင်တော့၊ တော်တော်မကောင်းဘူးလို့ ဆိုရမှာပါ။ 5MP ရှေ့ကင်မရာကလည်း အလင်းကောင်းကောင်းရရင် Selfie ကောင်းကောင်းရိုက်နိုင်ပေမယ့် ကျောကင်မရာလိုပဲ သိပ်အကောင်းကြီး မဟုတ်ပါဘူး။

Redmi Note 3 ဘက်ထရီ

ဘက်ထရီကတော့ Redmi Note 2 ထက် တော်တော်ပိုကောင်းသွားပါတယ်။ နာရီ လေးဆယ်လောက်အသုံးခံတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အားသွင်းနှုန်းက သိပ်မမြန်တာကြောင့် အားတစ်ခါ အပြည့်သွင်းမယ်ဆိုရင် ၂ နာရီခွဲလောက် ကြာပါလိမ့်မယ်။

အဆုံးသတ်သုံးသပ်ချက်

Redmi Note စီးရီးရဲ့နောက်ဆုံးမျိုးဆက်ကတော့ အပြောင်းအလဲတွေ တော်တော်လုပ်ထားတာကို တွေ့ရပါတယ်။ ဘက်ထရီအသေဖြစ်သွားတာနဲ့၊ microSD ကတ်မစိုက်နိုင်တော့တာကတော့ အဆိုးရွားဆုံး ဖြစ်ပြီး Note 2 နဲ့ယှဉ်မယ်ဆိုရင်တော့ ဘက်ထရီပိုခံလာသို၊ ဒီဇိုင်းလည်းပိုလှသွားပါတယ်။

Redmi Note 3 ဖုန်းဟာ ဆွဲဆောင်မှုရှိတဲ့ဖုန်းတစ်လုံးလို့ဆိုရမှာဖြစ်ပြီး ဖုန်းစွမ်းဆောင်ရည်ဟာ အရမ်းအကောင်းကြီးမဟုတ်ပေမယ့်လည်း သာမန်လူအများစုအတွက်တော့ စွမ်းဆောင်ရည်က ပိုတောင်ကောင်းနေတယ်လို့ဆိုရမှာပါ။ ဈေးကလည်း ဒီလို sensor တွေ၊ hardware တွေအသုံးပြုထားတဲ့ ဖုန်းတွေထဲမှာ ဈေးအနည်းဆုံးဖုန်းဖြစ်လို့ ဈေးနည်းနည်းနဲ့ ဖုန်းကောင်းကောင်းသုံးချင်သူတွေအတွက် သင့်တော်တဲ့ဖုန်းတစ်လုံးလို့ ပြောချင်ပါတယ်။

Ref: androidpit

 

 

 

 

 

 

 

 

 

 

You may be interested

Android မှာ Camera Shutter Sound ကို ပိတ်နည်းများ
cameras, FEATURES, Softwares & Application
181 shares165 views

Android မှာ Camera Shutter Sound ကို ပိတ်နည်းများ

Ko Thuya - Aug 22, 2017

စမတ်ဖုန်းများမှာ ဓါတ်ပုံရိုက်လိုက်တဲ့ အခါမှာ Camera Shutter Sound ထွက်လာအောင် ဖန်တီးထားကြပါတယ်။ အဲဒီ အသံဟာ သင့်ကို စိတ်အနှောင့်အယှက် ဖြစ်စေတယ်ဆိုရင် ပိတ်နိုင်တဲ့ နည်းလမ်းများ ရှိပါတယ်။ ပိတ်နည်းများဟာ စမတ်ဖုန်း တစ်လုံးနဲ့ တစ်လုံး မတူညီကြပါဘူး။ သင့် ဖုန်းမှာ…

အမျိုးသမီးတွေ အတွက် အကောင်းဆုံး အဖော်မွန်ဖြစ်လာတော့မယ့် AI စက်ရုပ်တွေ
Knowledge, Others, Trends
220 shares101 views

အမျိုးသမီးတွေ အတွက် အကောင်းဆုံး အဖော်မွန်ဖြစ်လာတော့မယ့် AI စက်ရုပ်တွေ

zayarsan - Aug 22, 2017

AI တွေကို အမျိုးသမီးတွေရဲ့ မီးဖိုချောင်အကူကနေစပြီး အမျိုးသားတွေရဲ့ အားကစားပွဲတွေထိ ပါဝင်အောင် လိင်အမျိုးအစား ခွဲ၍ Train ပေးခဲ့ပြီး အချိန်ကာလများစွာ လေ့လာခဲ့တယ် လို့ သိရပါတယ်။ လေ့လာသူတွေရဲ့ နှစ်ရှည်စီမံကိန်းက ပုံတွေကို စုဆောင်းဖော်ပြခဲ့ရာမှ AI တွေကို လူသားတွေအတွက် လေ့ကျင့်မှု…

Google မှ နောက်ထွက်မယ့် Laptop design ကို မူပိုင်ခွင့်ပုံကြမ်း ထုတ်ဖော်ပြသ
Gadgets, Google, HUBS
126 shares78 views

Google မှ နောက်ထွက်မယ့် Laptop design ကို မူပိုင်ခွင့်ပုံကြမ်း ထုတ်ဖော်ပြသ

zayarsan - Aug 22, 2017

ကွန်ပျူတာ နဲ့ အိုင်တီ Cosumer ဈေးကွက်ကို တစ်ဆင့်ချင်း လာနေပြီဖြစ်တဲ့ Google ကုမ္ပဏီ ဟာ အရင်က လိုင်းဖုန်းတွေမှာ Chrome book, Pixel line လို့ လူသိများတဲ့ Chromebook လိုမျိုး ၂ မျိုး သုံး…

Leave a Comment

Most from this category