၈ နာရီကြာ 120Hz Mode နဲ့ သုံးနိုင်မယ့် OPPO Find X2

နောက်ပိုင်းထုတ် စမတ်ဖုန်းတွေမှာ မျက်နှာပြင် တုန့်ပြန်မှု ပိုမြန်တဲ့ 120Hz Refresh Rate တွေ ထည့်သွင်းလာကြပါတယ်။ ဒီနည်းပညာက ဖုန်းသုံးရင် ၊ ဂိမ်းကစားရင် မြန်တဲ့အတွက် အရမ်းမိုက်ပါတယ်။ ဒါပေမယ့် သူ့မှာ ဘက်ထရီ အရမ်းစားတဲ့ ဆိုးကျိုးလည်း ရှိပါတယ်။


OPPO နောက်ထုတ်မယ့် Find X2 မှာလည်း 120Hz Refresh Rate ပါလာမှာ ဖြစ်ပြီး အခုတော့ OPPO ရဲ့ အရာရှိ Brian Shen က Find X2 ရဲ့ 120Hz Mode ဟာ ဖုန်းဘက်ထရီကို ဘယ်လောက် အသုံးခံမလဲဆိုတာ ပြောပြလိုက်ပါတယ်။ သူက 120Hz Mode နဲ့ နေ့တိုင်းသုံးကြည့်တဲ့အခါမှာ ၈ နာရီလောက် အသုံးခံတယ်လို့ ပြောပါတယ်။ ဒါတော်တော် အသုံးခံတာလို့ ပြောနိုင်ပါတယ်။ သူက သင့်တော်တဲ့ Refresh Rate ကို အလိုလို ပြောင်းပေးတဲ့ Intelligent Refresh Rate Mode ကြောင့် ဘက်ထရီ သက်တမ်းကို ၁၀ ရာခိုင်နှုန်း ပိုတိုးတက်စေတယ်လို့ ပြောပါတယ်။

Find X2 မှာ Super VOOC 2.0 ပါလာပြီး 65W နှုန်းနဲ့ 4065mAh ဘက်ထရီကို အားသွင်းပေးနိုင်တဲ့အတွက် အားသွင်းနှုန်းက အရမ်းမြန်ပါတယ်။ သူ့မှာ 1440p+ 120Hz မျက်နှာပြင် ထည့်သွင်းထားပြီး Samsung က ထုတ်တဲ့ OLED ဖြစ်နိုင်ပါတယ်။ Punch Hole မှာ ဆဲလ်ဖီးကင်မရာ ၁ လုံး ပါလာမှာ ဖြစ်ပြီး မနက်ဖြန်မှာ OPPO Watch နဲ့အတူ ကြေညာမှာပါ။

Ref : gsmarena

%d bloggers like this: