Geekbench ကို ရောက်လာတဲ့ Redmi Note 9 Pro

Xiaomi က ၁၂ ရက်နေ့မှာ Redmi Note 9 Series ကို အွန်လိုင်းကနေ အိန္ဒိယမှာ ကြေညာတော့မှာပါ။ ကြေညာမယ့်အချိန်နီးလာတဲ့အထိ အဲဒီ ဖုန်းတွေရဲ့ သတင်းအချက်အလက်တွေ မထွက်လာသေးတာ အံ့အားသင့်စရာကောင်းပါတယ်။ အခု‌တော့ Redmi Note 9 Pro ရဲ့ သတင်းအချက်အလက် တချို့ Geekbench ကနေ ထွက်လာပါတယ်။

Geekbench မှာ Redmi Note 9 Pro ရဲ့ လျှို့ဝှက်နာမည်ဟာ Curtana ဖြစ်ပြီး 1.8GHz Octa-core Qualcomm Snapdragon Processor မောင်းနှင်ထားပါတယ်။ 6GB RAM ထည့်သွင်းထားပြီး တခြား RAM မော်ဒယ်တွေလည်း ထွက်လာနိုင်ပါတယ်။ Android 10 မောင်းနှင်ထားတယ်လို့ ဖော်ပြထားပါတယ်။

Redmi Note 9 Pro ရဲ့ Single Core နဲ့ Multi Core ရမှတ်တွေက ၅၆၉ နဲ့ ၁၇၅၅ မှတ် အသီးသီး ဖြစ်ပါတယ်။ သူ့မှာ Snapdragon 720G မောင်းနှင်ထားနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ မကြာခင်ကြေညာမယ့် Realme 6 Pro မှာလည်း အဲဒီ Chipset ပါလာနိုင်ပါတယ်။

Ref : gizchina

%d bloggers like this: