OPPO Watch ရဲ့ မျက်နှာပြင် Specs တွေကို သိရပြီ

OPPO က လာမယ့် ၆ ရက်နေ့မှာ သူ့ရဲ့ပထမဆုံး စမတ်နာရီကို ကြေညာတော့မှာပါ။ မိတ်ဆက်ပွဲ မတိုင်ခင်မှာပဲ ကုမ္ပဏီက စမတ်နာရီရဲ့ မျက်နှာပြင် သတင်းအချက်အလက်တွေကို မျှဝေလိုက်ပါတယ်။ သူ့မှာ ၁.၉၁ လက်မ မျက်နှာပြင်ကွေး ပါလာမှာ ဖြစ်ပြီး တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၃၂၆ ဖြစ်ပါတယ်။ 100% DCI-P3 Color Gamut ပါလာမှာပါ။

သူ့မှာ Crown မပါတဲ့အတွက် Apple Watch နဲ့ အလုံးစုံ တူမှာ မဟုတ်ပါဘူး။ ဘေးဘက်မှာ ခလုတ် ၂ ခု တပ်ဆင်ထားပြီး တရုတ်ရဲ့ နာမည်ကျော် Carriers တွေရဲ့ ဖုန်း ဆက်သွယ်မှုကို အသုံးပြုနိုင်မှာပါ။ eSIM Support ပါတဲ့ တခြား နိုင်ငံက Carrier တွေနဲ့လည်း တွဲဖက် အသုံးပြုနိုင်မယ်လို့ ထင်ပါတယ်။

OPPO Watch မှာ Android Wear OS နဲ့ နှလုံးခုန်နှုန်း တိုင်းတာပေးတဲ့ ECG Sensor ထည့်သွင်းထားမှာပါ။ OPPO VP Brian Shen က စမတ်နာရီဟာ ဒီဇိုင်းလှပရုံတင်မကဘဲ လူသားတွေရဲ့ နေ့စဉ်လူနေမှုဘဝတွေအတွက် အသုံးဝင်အောင် ဖန်တီးထားတယ်လို့ ကြေညာထားပါတယ်။ အဲဒီအတွက် OPPO ဟာ စက်ဝိုင်းအစား လေးထောင့်ပုံ ကိုယ်ထည်ကို ရွေးချယ်ခဲ့တာပါ။

Ref : gsmarena

%d bloggers like this: