ကိုယ်ပိုင် VR Headset ကို မနက်ဖြန်မိတ်ဆက်သွားဖို့ရှိတဲ့ Xiaomi

စမတ်ဖုန်းကစလို့၊ လေသန့်စင်စက်အထိ နည်းပညာပစ္စည်းအစုံထုတ်ပြီး၊ ကမ္ဘာ့ဈေးကွက်ထဲ အရှိန်အဟုန်နဲ့ ထိုးဖောက်လာတဲ့ Xiaomi ကုမ္ပဏီဟာ မကြာသေးခင်ကလည်း Mi Notebook Air ကို မိတ်ဆက်သွားတာသိကြမှာပါ။

ကုမ္ပဏီရဲ့ ပထမဆုံးလက်ပ်တော့ကို မိတ်ဆက်ပြီးမကြာခင်မှာပဲ၊ Xiaomi ဟာ VR Headset ကိုလည်း ထပ်မံမိတ်ဆက်သွားတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

ကုမ္ပဏီအနေနဲ့ VR Headset တစ်ခုကို လုပ်ဆောင်နေကြောင်း လွန်ခဲ့တဲ့လက ကျင်းပပြုလုပ်သွားတဲ့ Google I/O ပွဲမှာလည်း တရားဝင် ထုတ်ဖော်ပြောကြားထားဖူးပြီး၊ Google ရဲ့ Daydream ပလက်ဖောင်းနဲ့ အသုံးပြုနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

Xiaomi ကုမ္ပဏီသာ သြဂတ်စ်လ ၁ ရက်နေ့မှာ VR Headset တကယ်ထုတ်ဖြစ်ခဲ့ပါက၊ Samsung ၊ Sony ၊ HTC နဲ့ Google တို့အတိုင်း ကိုယ်ပိုင် VR Headset ရှိလာမှာဖြစ်ကာ၊ Mi စမတ်ဖုန်းတွေမှာ တပါတည်းထည့်သွင်းရောင်းချဖို့ရှိပါတယ်။

Xiaomi VR Headset ဈေးနှုန်းကိုတော့ မသိရသေးပေမယ့်၊ သြဂတ်စ် ၁ ရက်မှာ ထွက်ရှိမှာဖြစ်ကြောင်း ရေးသားထားတဲ့ ကုမ္ပဏီရဲ့ ကြော်ငြာပိုစတာပုံရိပ်ကတော့ အွန်လိုင်းမှာ ပေါက်ကြားပြီးဖြစ်ပါတယ်။

 

%d bloggers like this: