၆ ရက်နေ့မှာ OPPO Find X2 Series နဲ့အတူ စမတ်နာရီကိုပါ ကြေညာမည်

OPPO က သူ့ရဲ့ပထမဆုံး စမတ်နာရီရဲ့ ဓါတ်ပုံကို မျှဝေလိုက်ပြီး အနက်နဲ့ ရွှေရောင် ထုတ်လုပ်ထားပါတယ်။ ဖုန်းပြောတဲ့အချိန်မှာ Loudspeaker ဖွင့်ပြီး ပြောနိုင်တာ မြင်ရပါတယ်။ သူ့ကို မတ်လ ၆ ရက်နေ့မှာ စွမ်းရည်မြင့် OPPO Find X2 Series တွေနဲ့ ကြေညာမယ်လို့လည်း ကုမ္ပဏီက အတည်ပြုလိုက်ပါတယ်။

မကြာခင်ကပဲ ဒုတိယ ဥက္ကဌက စမတ်နာရီရဲ့ ပထမဆုံး ဓါတ်ပုံကို မျှဝေလိုက်ပြီး ဘေးဘက်တွေ ကွေးညွှတ်နေတဲ့ လေးထောင့် မျက်နှာပြင် ပါလာပါတယ်။ ဘေးဘက်မှာ ခလုတ် ၂ ခု ထည့်သွင်းထားပါတယ်။ သူ့ရဲ့ ဒီဇိုင်းဟာ Apple Watch နဲ့ တော်‌တော်တူပါတယ်။ မတူတာက Apple Watch မှာ Crown နဲ့ ခလုတ် ၁ ခုစီပဲ ပါတာပါ။ OPPO ရဲ့ စမတ်နာရီမှာ ခလုတ် ၂ ခု ပါပြီး ကြားမှာ အပေါက် ၁ ခု တပ်ဆင်ထားပါတယ်။ ဒါဟာ မိုက်ကရိုဖုန်း ဖြစ်နိုင်ပြီး စမတ်ဖုန်း မလိုဘဲ စမတ်နာရီကနေ ဖုန်း ပြောနိုင်မယ် ထင်ပါတယ်။

သူ့မှာ SIM Slot ပါလာမလား မသိရသေးပါဘူး။ eSIM လည်း ပါလာနိုင်သလို ဈေးသက်သာအောင် ဘလူးတုကိုပဲ သုံးထားနိုင်ပါတယ်။ သူ့ကို မျက်ဝါးထင်ထင်မြင်ရဖို့ ရက်ပိုင်းပဲလိုပါတော့တယ်။

Ref : gsmarena

%d bloggers like this: