ယခုသြဂတ်စ်လထဲ ထွက်ရှိလာတော့မယ့် Android 7.0 Nougat

နောက်ဆုံးထွက်ရှိလာတဲ့ Android OS စနစ်အသစ် Android 7.0 Nougat ရဲ့ ကောင်းသတင်းတွေ ဝေဝေဆာဆာကြားနေရချိန်မှာ၊ နောက်ထပ်သတင်းကောင်းတစ်ခု ထပ်မံထွက်ပေါ်လာပါပြီ။

Google ရဲ့ မိုဘိုင်းလည်ပတ်မှုစနစ်အသစ် Android Nougat ကို သုံးစွဲခွင့်ရဖို့အတွက် သိပ်ကြာကြာစောင့်ဆိုင်းနေရမှာမဟုတ်ဘဲ၊ ရှေ့လထဲမှာတင် ထုတ်ပေးသွားဖွယ်ရှိတယ်လို့ ဖုန်းသတင်းတွေနဲ့ပတ်သက်ပြီး၊ အံ့သြဖွယ်ကောင်းလောက်အောင်မှန်သူ Evan Blass @eveleaks က ဖွင့်ချလိုက်ပြီဖြစ်ပါတယ်။

Android 7.0 ဟာ ယခုလောလောဆည်မှာ Developer Preview အနေနဲ့သာရှိသေးပြီး၊ သင့်အနေနဲ့ စမ်းသပ်သုံးစွဲကြည့်ရဲရင် သုံးစွဲနိုင်ပေမယ့်၊ မကြာမီပဲ တရားဝင်ထွက်ရှိလာတော့မှာဆိုတော့ ခဏလောက်စောင့်လိုက်တာ အကောင်းဆုံးပါပဲ။

Android Nougat စနစ်ရရှိမယ့်ဖုန်းတွေကိုတော့ အသေးစိတ်ဖော်ပြထားခြင်းမရှိပေမယ့်၊ ပုံမှန်အတိုင်း Google ရဲ့ Nexus ဖုန်းတွေက အရင်ရရှိဖို့ပဲ များပါတယ်။ Blass ရဲ့ အဆိုအရတော့ ၂၀၁၃ ခုနှစ်ထုတ် Nexus 5 ဖုန်းမှာတော့ Upgrade ရရှိမှာမဟုတ်ဘူးလို့ သိရပါတယ်။

သင့်အနေနဲ့ Nexus ဖုန်းမဟုတ်ဘဲ Sony ၊ Samsung ၊ HTC စတဲ့ တခြားကုမ္ပဏီက Android စမတ်ဖုန်းတွေ ကိုင်တယ်ဆိုရင်တော့၊ Nougat ရရှိဖို့အတွက် နောက်ထပ်လတော်တော်များများ ထပ်စောင့်ရဖွယ်ရှိပါတယ်။ သတင်းအသစ်ထပ်မံရရှိတာနဲ့ အချိန်နဲ့တပြေးညီ တင်ဆက်ပေးသွားပါမယ်။

ဆက်စပ်သတင်းတစ်ခုအနေနဲ့ Nexus ဖုန်းမော်ဒယ်အသစ်တွေကို လာမယ့် စက်တင်ဘာ ဒါမှမဟုတ် အောက်တိုဘာလလောက်မှာ၊ ကျနော်တို့ မြင်တွေ့ရဖွယ်ရှိပြီး၊ သင့်အနေနဲ့ Nexus ဖုန်းလည်းမကိုင်ဖူးသေးသလို၊ Nougat ကိုလည်း စောစောစီးစီးသုံးကြည့်ချင်ရင်၊ Nexus ဖုန်းစောင့်ဝယ်ဖို့ အကြံပေးချင်ပါတယ်။

Ref: Tech Radar

%d bloggers like this: