Tesla ပိုင်ရှင်တစ်ယောက်ဟာ ကားရဲ့ အလိုအလျှောက်မောင်းနှင်တဲ့ နည်းပညာကို သုံးပြီး စီးနင်းနေစဉ်မှာ iPhone Game ကစားနေခဲ့ပါတယ်။ စိတ်မကောင်းစရာသတင်းက ကား မတော်တဆမှုဖြစ်ပြီး အဲဒီလူ သေဆုံးသွားခဲ့ပါတယ်။ Tesla မှာ ပါတဲ့ အလိုအလျှောက် မောင်းနှင်တဲ့ နည်းပညာဟာ တစ်ဝက်တစ်ပျက်ပဲ ကားကို ထိန်းကျောင်းနိုင်တာ ဖြစ်ပြီး ယာဉ်မောင်းက အချိန်ပြည့် ကားကို ဂရုစိုက်နေရတာပါ။ အခုတော့ ကားကို ဂရုမစိုက်ဘဲ Game ဆော့နေတဲ့အတွက် အသက်တစ်ချောင်း ဆုံးပါးသွားခဲ့ရပါပြီ။
၂၀၁၈ ခုနှစ် မတ်လမှာ ကယ်လီဖိုးနီးယားပြည်နယ်က အဝေးပြေးလမ်းမှာ အဲဒီ ဖြစ်ရပ် ဖြစ်ပွားခဲ့ပြီး The National Transportation Safety Board က ၂၅ ရက်နေ့မှာ အမှုကို ကြားနာစစ်ဆေးခဲ့ပါတယ်။ အာဏာပိုင် ၁ ယောက်က Tesla ကို အပြစ်တင်လိုက်ပါတယ်။ သူက Tesla ဟာ သူ့ကားတွေရဲ့ တစ်ဝက်တစ်ပျက် အလိုအလျှောက် မောင်းနှင်တဲ့ စနစ် အလုပ်လုပ်ပုံကို သေချာရှင်းပြထားသင့်တယ်လို့ ပြောပါတယ်။
အသက်သေဆုံးသူ Walter Huang ဟာ ၃၈ နှစ်အရွယ် Apple Engineer တစ်ယောက်ဖြစ်ပြီး သူ့ ရဲ့ကားဟာ Tesla Model X ဖြစ်ပါတယ်။ သူ့ မိသားစုတွေက ကားတိုက်မှုဖြစ်ပြီးနောက် Tesla ကို တရားစွဲခဲ့ပြီး ကားရဲ့ Autopilot မှားယွင်းလို့ ဒီလို ဖြစ်တာလို့ ပြောပါတယ်။
Huang ရဲ့ Phone Logs တွေအရ ကား တိုက်ချိန်မှာ သူ့ရဲ့ iPhone ၂ လုံးနဲ့ Three Kingdoms Mobile Video Game ကစားနေတာကို သိခဲ့ရပါတယ်။ အာဏာပိုင်တွေက Tesla ကို အပြစ်တင်သလို ကားကို ဂရုမစိုက်ဘဲ Game ကစားနေတဲ့ သူဟာလည်း မှားတယ်လို့ ပြောပါတယ်။
Ref : mashable
You must log in to post a comment.