Facebook Messenger မှာ ရိုးရှင်းတဲ့ ဒီဇိုင်း အသစ်ကို သုံးလာ

Facebook Messenger မှာ ရှုပ်ရှုပ်ထွေးထွေးတွေ မပါလာတော့ပါဘူး။ Discover Tab နဲ့ Chatbots တွေကို ဖယ်ရှားထားလိုက်ပါပြီ။ တကယ်လည်း Discover Tab ကို လူတွေ သိပ်မသုံးကြတဲ့အတွက် ဒီလို ဖယ်ရှားလိုက်တာ မျက်စိရှုပ်သက်သာပါတယ်။

အခုဆိုရင် Chats နဲ့ People Tab တွေပဲ ပါလာပါတော့တယ်။ Chats မှာ သင် စကားပြောထားတဲ့ လူတွေကို ပြသထားပြီး People Tab မှာ သင့် Contact တွေရဲ့ Stories နဲ့ Active ဖြစ်နေသူတွေကို မြင်ရမှာပါ။ Stories တွေကို Facebook မှာ လူတော်တော် သုံးနေကြတာ တွေ့ရပါတယ်။

Chatbots ကို လုံးဝ ဖယ်ရှားလိုက်တာ မဟုတ်ဘဲ မမြင်ရအောင် ဖွက်ထားတာပါ။ Facebook က Chatbots တွေဟာ Messenger ရဲ့ အနာဂတ်လို့ ပြောကြားထားပေမယ့် လက်ရှိမှာတော့ စာပြန်တာလောက်ကိုပဲ ပြုလုပ်နိုင်ပါသေးတယ်။

Chatbots တွေကို သုံးချင်ရင် Search Box ကနေ ရှာနိုင်တယ်လို့ သိရပါတယ်။ Messenger မှာ လုပ်ဆောင်ချက်တွေ အများကြီး ထည့်ထားတာဟာ မျက်စိရှုပ်စေပြီး လေးလံစေပါတယ်။ အခုလို လူသုံးနည်းတဲ့ လုပ်ဆောင်ချက်တွေ လျှော့လိုက်တာကို ကြိုဆိုရမှာပါ။

Ref : tnw

%d bloggers like this: