ကင်မရာ ၁ လုံးထဲပါတဲ့ ဖုန်းတွေမှာ Facebook ရဲ့ 3D Photo တွေ ဖန်တီးနိုင်ပြီ

Facebook က ကင်မရာ ၁ လုံးထဲပါတဲ့ ဖုန်းတွေမှာ Facebook App ကနေ 3D Photo တွေ ဖန်တီးနိုင်ပြီလို့ ကြေညာလိုက်ပါတယ်။ Facebook က အရှေ့ ကင်မရာ ၁ လုံးထဲနဲ့ 3D Selfie ဓါတ်ပုံတွေ ဆွဲနိုင်ပြီလို့ ပြောပါတယ်။

Facebook က အဲဒီလုပ်ဆောင်ချက်ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလမှာ စတင် ထည့်သွင်းပေးခဲ့ပြီး ကင်မရာ ၂ လုံးနဲ့ အထက်ပါတဲ့ ဖုန်းတွေကနေ 3D Photo တွေ ရိုက်ကူးနိုင်ပါတယ်။ ကင်မရာ ၂ လုံး၊ ၃ လုံး ပေါင်းစပ်ပြီး 3D Photo တွေ ဖန်တီးပေးတာ ဖြစ်ပါတယ်။ အခုတော့ ကင်မရာ ၁ လုံးထဲနဲ့ အလုပ်ဖြစ်ပါပြီ။ ဒီလို ကင်မရာ ၁ လုံးထဲနဲ့ 3D Photo တွေ ဖန်တီးဖို့အတွက် Machine Learning နည်းပညာကို အသုံးပြုထားတာပါ။

Facebook က iPhone 7 နဲ့အထက် ဒါမှမဟုတ် စွမ်းရည်သင့် Android Phone တွေမှာ Facebook App ရဲ့ 3D Photo Tool ကို အသုံးပြုနိုင်ပြီလို့ ပြောပါတယ်။ Facebook က ဒီလုပ်ဆောင်ချက်ကို ဖြည်းဖြည်းချင်း ဖြန့်ချိပေးနေတဲ့အတွက် သင့် ဖုန်းမှာ မရသေးရင် သည်းခံစောင့်ဆိုင်းပေးပါ။

Ref : theverge

%d bloggers like this: