Realme က နောက်လ ၅ ရက်နေ့မှာ Realme 6 Series နဲ့အတူ ကုမ္ပဏီရဲ့ ပထမဆုံး စမတ်လက်ပတ်ကို ကြေညာမှာပါ။ Realme Band လို့ နာမည်ပေးထားပြီး သူ့ရဲ့ ဈေးကို မသိရသေးပါဘူး။ အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင်မှာပဲ ကုမ္ပဏီက သူ့ရဲ့ လုပ်ဆောင်ချက်တွေကို ဝက်ဘ်ဆိုက်ကနေ မျှဝေလိုက်ပါတယ်။
Realme Band မှာ Color Display ပါလာမှာ ဖြစ်ပြီး Phone Calls, Messages နဲ့ Alarms တွေဖုန်းထံ ဝင်လာရင် Notification ပြသပေးပါတယ်။ အိပ်စက်မှုအခြေအနေနဲ့ နှလုံးခုန်နှုန်းတိုင်းတာပေးတဲ့ လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပါတယ်။ Sports Mode ၉ ခု ပါလာပြီး အိန္ဒိယက လူတွေ အသည်းစွဲအားပေးကြတဲ့ Cricket Mode ကို မပါမဖြစ် ထည့်သွင်းပေးထားပါတယ်။
IP68 စံနှုန်းပါတဲ့အတွက် ရေစိုခံနိုင်ပြီး အားသွင်းဖို့အတွက် USB-A Connector ထည့်သွင်းထားပါတယ်။ Yellow, Black နဲ့ Olive Green အရောင်တွေ ထုတ်လုပ်ထားပြီး မတ်လ ၅ ရက်နေ့ပွဲပြီးရင် Realme India Website ကနေ အကန့်အသတ်နဲ့စတင်ရောင်းချပေးမှာပါ။
Ref : gsmarena
You must log in to post a comment.