OPPO Find X2 ရဲ့ Live Image တွေ ထွက်ပေါ်လာ

OPPO က ဝီဘိုမှာ Find X2 ကို မတ်လ ၆ ရက်နေ့မှာ ကြေညာမယ်လို့ အတည်ပြုထားပါတယ်။ Find X2 နဲ့ Find X2 Pro ဆိုပြီး အနည်းဆုံး မော်ဒယ် ၂ မျိုးထုတ်လုပ်ထားမှာပါ။ မိတ်ဆက်ပွဲ မတိုင်ခင်မှာပဲ Find X2 ရဲ့ Live Image တွေထွက်ပေါ်လာပါတယ်။ အနောက်ကင်မရာတွေက ကိုယ်ထည်ကနေ တော်တော် ငေါထွက်နေတာ မြင်ရပါတယ်။ Periscope Zoom ကင်မရာလည်း ပါလာပြီး ကင်မရာတွေကို ဒေါင်လိုက် တပ်ဆင်ထားပါတယ်။ စုစုပေါင်း အနောက်ကင်မရာ ၃ လုံး မြင်ရပါတယ်။ အရှေ့ဘက်မှာ Punch Hole ကင်မရာ ၁ လုံးထဲ ဘယ်ဘက်ထောင့်စွန်းနားမှာ တပ်ဆင်ထားပါတယ်။

OPPO က Find X2 Series တွေမှာ 120Hz Refresh Rate နဲ့ 240Hz Touch Sampling Rate တွေ ပါလာမယ်လို့ အတည်ပြုထားပါတယ်။ QHD Resolution ဖြစ်ပြီး မျက်နှာပြင်ဟာ 1200nit Brightness အထိ ထောက်ပံ့ပေးပါတယ်။ 48MP Sony ကင်မရာနဲ့ 65W Fast Charging တွေ ပါလာနိုင်ပါတယ်။

Find X2 Series မှာ Snapdragon 865 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 12GB RAM အထိ ပါလာနိုင်ပါတယ်။ 5G ဆက်သွယ်မှုနဲ့ 30W Wireless Charging ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ Find X2 Pro ကင်မရာ သတင်းအချက်အလက်တွေကို Bluetooth Certification မှာ မကြာခင်က တွေ့လာရပါတယ်။ CPH2023 နဲ့ CPH2025 မော်ဒယ်နံပါတ် ၂ ခုကို တွေ့ရပြီး CPH2023 မှာ 48MP+12MP+13MP အနောက်ကင်မရာ ၃ လုံးနဲ့ CPH2025 မှာ 48MP+48MP+13MP အနောက်ကင်မရာ ၃ လုံး ထည့်သွင်းထားပါတယ်။

မော်ဒယ် ၂ ခုစလုံးမှာ ၆.၇ လက်မ မျက်နှာပြင်နဲ့ Color OS 7.1 ပါလာပါတယ်။ OPPO Find X2 Series မှာ နောက်ဆုံးထုတ် Android 10 မောင်းနှင်ထားမှာ သေချာပါတယ်။

Ref : gsmarena

%d bloggers like this: