iOS 9.3.3 တွင် Jailbreak ရရှိနိုင်ပြီ

ဒီအပတ်အတွင်းမှာ နောက်ဆုံးထွက် iOS9 အတွက် Pangu ဟာ Jailbreak အသစ်ကို ထုတ်လုပ်ပေးလိုက်ပါတယ်။ ဒီ Jailbreak စနစ်အသစ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက ထုတ်လုပ်ခဲ့တဲ့ iOS 10 မတိုင်မီ Version တွေအတွက် နောက်ဆုံးအနေနဲ့ ထုတ်လုပ်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

Jailbreak ဟာလတ်တလောမှာ တရုတ်ဘာသာစကားနဲ့သာ အသုံးပြုလို့ရနိုင်သေးတာဖြစ်ပြီး Window ကွန်ပျူတာတွေကနေတစ်ဆင့်အနေနဲ့လည်း iOS ပစ္စည်းတွေကို ထည့်သွင်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Jailbreak ဟာ Semi-untethered အမျိုးအစားဖြစ်တာကြောင့် တကယ်လို့ သင့်ဖုန်းဟာ Restart လုပ်လိုက်မယ်ဆိုရင် သင့်အနေနဲ့ App တစ်ခုကို အလုပ်လုပ်ဖို့အတွက် Cydia ကို ပြန်လည် Run ဖို့လိုအပ်ပါတယ်။9to5Mac မှာတော့ Jailbreak လုပ်နည်းအပြည့်အစုံကို တင်ပြထားပေမယ့် Bugs တွေရှိနေနိုင်သေးတယ်လို့လည်း သိရပါတယ်။

ကျွန်တော့်အနေနဲ့ ဒီမကြာခင်ကာလအတွင်းမှာ iOS Device တွေဖြစ်တဲ့ iPhone, iPad တွေအတွက် Jailbreak လုပ်နည်းကို တင်ပြပေးမှာ ဖြစ်ပါတယ်။ တကယ်လို့ ဒီအတိုင်း ဖတ်ချင်တယ်ဆိုရင်တော့ ဒီနေရာကိုနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

Ref: TechnoBuffalo

%d bloggers like this: