Samsung Galaxy S10 Lite အတွက် 512GB Storage မော်ဒယ်ထွက်ရှိ

Samsung Galaxy S10 Lite အတွက် 6GB/128GB နဲ့ 8GB/128GB မော်ဒယ် ၂ မျိုးထုတ်လုပ်ပေးထားပါတယ်။ အခုတော့ 8/512GB မော်ဒယ် အသစ် ထွက်လာပါတယ်။ အိန္ဒိယမှာ ၄၄၉၉၉ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၉ သိန်းလောက်ရှိပါတယ်။ မတ်လ ၁ ရက်နေ့မှာ ရောင်းမှာ ဖြစ်ပြီး Samsung India အွန်လိုင်းစတိုး၊ Samsung Opera House ၊ တခြား နာမည်ကျော် အွန်လိုင်းစတိုးတွေနဲ့ မြေပြင်စတိုးတွေကနေ ဝယ်ယူနိုင်ပါတယ်။

အဲဒီဈေးကို မတတ်နိုင်ဘူးဆိုရင် 8/128GB မော်ဒယ်ကို ၃၉၉၉၉ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၈ သိန်းလောက် ရှိပါတယ်။ Samsung က အိန္ဒိယမှာ 6GB RAM မော်ဒယ်ကို မရောင်းပေးထားပါဘူး။

Galaxy S10 Lite မှာ ၆.၇ လက်မ Full HD+ Super AMOLED Infinity-O Display ထည့်သွင်းထားပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါပါတယ်။ Punch Hole မှာ 32MP ကင်မရာ တပ်ဆင်ထားပြီး 25W Fast Charging ပါတဲ့ 4500mAh ဘက်ထရီ ပါပါတယ်။ Bluetooth S Pen ပါပြီး အလန်းစား Air Commands တွေကို သုံးနိုင်ပါတယ်။

Snapdragon 855 မောင်းနှင်ထားပြီး အနောက်ဘက်မှာ 48MP အပါအဝင် ကင်မရာ ၃ လုံး ပါပါတယ်။ Prism White, Prism Black နဲ့ Prism Blue အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Samsung Galaxy S10 Lite specifications

• 6.7-inch Full HD+ (2400×1080 pixels) Super AMOLED Plus Infinity-O Display with 394ppi
• Octa-Core Qualcomm Snapdragon 855 7nm Mobile Platform (Max. 2.8 GHz + 2.4 GHz + 1.7 GHz) with Adreno 640 GPU
• 6GB / 8GB LPDDR4x RAM with 128GB storage (UFS 2.1), expandable memory up to 1TB with microSD
• Android 10 with OneUI 2.0
• Dual SIM
• 48MP rear camera with LED Flash, f/2.0 aperture, Super Steady OIS, 12MP Ultra Wide sensor with f/2.2 aperture, 5MP macro camera with f/2.0 aperture
• 32MP front-facing camera with f/2.2 aperture
• In-display fingerprint sensor
• USB Type-C audio
• Dimensions: 75.6 x 162.5 x 8.1mm; Weight: 186g
• Dual 4G VoLTE, Wi-Fi 802.11ac (2.4/5GHz), Bluetooth 5, GPS with GLONASS, USB 3.1, NFC, MST
• 4,500mAh battery with 25W fast charging

Ref : fonearena , gizmochina

%d bloggers like this: