Redmi Note 8 Pro အတွက် Android 10 ရတော့မယ်

Redmi Note 8 Pro ကိုင်ထားသူတွေအတွက် သတင်းကောင်းပါးချင်ပါတယ်။ Redmi က Note 8 Pro အတွက် Android 10 အခြေပြု MIUI 11 ကို တရုတ်မှာပဲ ဖြန့်ချိပေးထားပါတယ်။ အခုတော့ ပါကစ္စတန်မှာ ရနေပြီလို့ သိရပါတယ်။ အဲဒီအတွက် တခြား နိုင်ငံတွေမှာလည်း မကြာခင် ရတော့မယ်လို့ ထင်ပါတယ်။ Update Version ဟာ MIUI 11 v.11.0.2.0.QGGEUXM ဖြစ်ပြီး ဖိုင်အရွယ်အစားက 1.9GB ဖြစ်ပါတယ်။ Over-the-air ကနေ ရယူနိုင်ပြီး ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလအတွက် Security Patch လည်း ထည့်သွင်းထားပါတယ်။

Redmi Note 8 Pro ဟာ စွမ်းဆောင်ရည်သင့် ဖုန်း ဖြစ်ပေမယ့် စွမ်းရည်မြင့် ဖုန်းတွေကို လိုက်မှီတဲ့ အစိတ်အပိုင်းတွေ ပါပါတယ်။ သူ့ရဲ့ Specs တွေကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ သူဟာ 64MP Camera ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်ပါတယ်။ Samsung ရဲ့ ISOCELL Bright GW1 Sensor ဖြစ်ပြီး Quad-binning Pixel နည်းပညာ ထည့်သွင်းထားပါတယ်။

၆.၅၃ လက်မ Full HD+ Display တပ်ဆင်ထားပြီး ဘေးဘောင်တွေက ပါးလွှာပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံးကို ဒေါင်လိုက်တပ်ဆင်ထားပါတယ်။ 64MP Main , 8MP Ultrawide , 2MP Depth နဲ့ 2MP Macro တွေ ဖြစ်ပါတယ်။ AI Features နဲ့ Scene Recognition တွေပါတဲ့ 20MP Selfie Camera ကို Notch မှာ ထည့်သွင်းထားပါတယ်။

MediaTek Helio G90T ပါတဲ့ ပထမဆုံး စမတ်ဖုန်းလည်း ဖြစ်လာပါတယ်။ 18W Fast Charging ပါတဲ့ 4,500mAh Battery ထည့်ထားပါတယ်။ ဂိမ်း အသားပေး Chipset ကို အပူချိန်လျှော့ချပေးဖို့ Liquid Cooling Chamber ၁ ခု ထည့်သွင်းထားပါတယ်။ WiFi နဲ့ 4G ၂ ခုစလုံးကို တစ်ပြိုင်နက် ချိတ်ဆက်နိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: