Huawei Enjoy 10e ကို မတ်လ ၁ ရက်နေ့ ကြေညာမည်

Huawei Enjoy 10 Series အသစ် ၁ လုံး တိုးလာတော့မှာ ဖြစ်ပါတယ်။ တရုတ်မှာ မနက်ဖြန် ကြေညာမယ်လို့ Huawei က တရားဝင် အတည်ပြုလိုက်ပါတယ်။ Huawei Enjoy 10e လို့ နာမည်ပေးထားပြီး အရွယ်ကြီး ဘက်ထရီ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Huawei က ဒီသတင်းကို တရုတ်လူမှုကွန်ရက် ဝီဘိုကနေ ပိုစတာ ၁ ခုနဲ့ အတည်ပြုလိုက်တာ ဖြစ်ပြီး သူ့ရဲ့ Specs တွေကိုတော့ မဖော်ပြထားပါဘူး။ Enjoy 10e ဟာ အဲဒီစီးရီးထဲမှာ ဈေးအသက်သာဆုံး ဖြစ်နိုင်ပါတယ်။ အရင်နှစ်က ထွက်ခဲ့တဲ့ Enjoy 9s မှာ ကင်မရာ ၃ လုံး၊ Enjoy 9 မှာ ၂ လုံးနဲ့ Enjoy 9e မှာ ၁ လုံး ထည့်သွင်းထားပြီး အတွင်းပိုင်း အစိတ်အပိုင်းတွေက တော်တော်တူကြပါတယ်။

Helio P35 Chipset ပါတဲ့ Huawei ရဲ့ စမတ်ဖုန်း ၁ လုံးကို ပြီးခဲ့တဲ့ ရက်ပိုင်းက TENAA နဲ့ Geekbench မှာ ထွက်ပေါ်လာပါတယ်။ အဲဒီဖုန်းဟာ Enjoy 10e ဖြစ်နိုင်ပြီး အရွယ်ကြီး 5000mAh ဘက်ထရီ ပါလာပါတယ်။ အနောက်ကင်မရာတွေက တော်တော်လန်းပြီး ဒေါ်လာ ၁၅၀ လောက်နဲ့ ရောင်းနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: