Huawei P40 နဲ့ P40 Pro မှာ 22.5W နဲ့ 40W Charger ပါမည်

Huawei P40 Series ရဲ့ အားသွင်း အမြန်နှုန်းသတင်းအချက်အလက်တွေ တရုတ်က 3C ကနေ ထွက်လာပါတယ်။ P40 မှာ 22.5W Charging Speed နဲ့ Pro မှာ 40W Charging Speed တွေ ပါလာမယ်လို့ ဖော်ပြထားပါတယ်။ P40 Premium Edition လည်း ထွက်လာနိုင်ပြီး အားအမြန်သွင်းနည်းပညာက သူတို့ထက် ပိုလန်းနိုင်ပါတယ်။

Richard Yu က ပြင်သစ်နိုင်ငံ ပဲရစ်မှာ မတ်လ ၂၆ ရက်နေ့တွင် P40 Series တွေကို ကြေညာမယ်လို့ အတည်ပြုထားပါတယ်။ P40 Series ရဲ့ သတင်းများစွာ ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ စုစုပေါင်း မော်ဒယ် ၃ ခုထွက်လာနိုင်ပြီး P40 , P40 Pro နဲ့ P40 Premium Edition တို့ ဖြစ်ပါတယ်။ Premium Edition မှာ အနောက်ကင်မရာ ၅ လုံး ပါလာနိုင်ပြီး အဲဒီထဲမှာ Periscope Telephoto Lens နဲ့ 10x Optical Zoom ထောက်ပံ့ထားနိုင်ပါတယ်။ P40 မှာ 52MP Main , 40MP Cine နဲ့ 5x Optical Zoom ပါတဲ့ 8MP Telephoto အပါအဝင် ကင်မရာ ၄ လုံး ပါလာမယ်လို့ သတင်းထွက်နေပါတယ်။

P40 မှာ Notchless မျက်နှာပြင် ထည့်သွင်းထားနိုင်ပြီး လေးဘက်လေးတန်ဟာ ကွေးညွှတ်နေမှာပါ။ P40 Pro ရဲ့ ဓါတ်ပုံတွေ ပြီးခဲ့တဲ့ လက ထွက်လာခဲ့ပြီး မျက်နှာပြင်ရဲ့ ဘယ်ဘက်ထိပ်နားမှာ ဆဲလ်ဖီး ကင်မရာ ၂ လုံးကို Punch Hole Design ထည့်ထားပါတယ်။ P40 Series မှာ Dual-mode 5G နဲ့ Dual SIM Support တွေ ပါလာနိုင်ပါတယ်။ WiFi 6+ ကို P40 Series မှာ ထည့်သွင်းထားမယ်လို့ မကြာခင်ကပဲ သတင်းထွက်လာပါတယ်။

Ref : gsmarena

%d bloggers like this: