Realme 6 ရဲ့ Specs တချို့ Geekbench က ထွက်လာ

မနေ့ကပဲ Realme 6 Pro ရဲ့ သတင်းအချက်အလက်တွေ Geekbench ကနေထွက်ပေါ်လာပါတယ်။ အခုတော့ Realme 6 ရဲ့ အလှည့်ပါ။ Geekbench မှာ သူ့ရဲ့ မော်ဒယ်နံပါတ်က RMX2001 ဖြစ်ပြီး MediaTek Helio G90 SoC မောင်းနှင်ထားပါတယ်။ 8GB RAM နဲ့ Android 10 အခြေပြု Realme UI ပါလာမှာ ဖြစ်ပါတယ်။

Geekbench မှာ Realme 6 ဟာ Single-core Test မှာ ၅၀၈ မှတ်နဲ့ Multi-core Test မှာ ၁၆၃၃ မှတ် ရထားပါတယ်။ သူ့ရဲ့ အမှတ်တွေဟာ Realme 6 Pro နဲ့ သိပ်မကွာသလို Realme X2 နဲ့ မတိမ်းမယိမ်း ဖြစ်နေပါတယ်။

Realme 6 Series တွေကို နောက်လ ၆ ရက်နေ့မှာ ကုမ္ပဏီရဲ့ ပထမဆုံး Fitness Band နဲ့အတူ ကြေညာမှာ ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: