Google က သူ့ရဲ့ Mobile Services ကို Huawei ရဲ့ ဖုန်းတွေမှာ ပြန်လည် အသုံးပြုစေချင်ပုံရပါတယ်။ ဒီလို လုပ်ဖို့အတွက် Google ဟာ အစိုးရထံကနေ လိုင်စင်တောင်းခံထားတယ်လို့ သတင်းထွက်လာပါတယ်။ အမေရိကန် အစိုးရက Huawei အား ၂၀၁၉ ခုနှစ် မေလထဲက နာမည်ပျက် စာရင်းထဲထည့်ခဲ့ပြီး အမေရိကန် ကုမ္ပဏီတွေနဲ့ Huawei အလုပ်လုပ်တာကို ပိတ်ပင်ခဲ့ပါတယ်။ Huawei ဟာ Google Mobile Services ကိုလည်း သုံးလို့ မရတော့ပါဘူး။
Microsoft ကိုလည်း ပိတ်ပင်ခဲ့ပေမယ့် အခုတော့ Huawei နဲ့ ပြန်လည် အလုပ်လုပ်ခွင့်ရအောင် Microsoft က ကြိုးစားနိုင်ခဲ့ပါတယ်။ အဲဒီအတွက် Google မှာလည်း မျှော်လင့်ချက်ရှိနေပါတယ်။ အောင်မြင်ခဲ့ရင်တော့ Huawei ရဲ့ စမတ်ဖုန်းတွေမှာ Play Store, Maps, Photos, YouTube နဲ့ Gmail တို့ကို ပြန်သုံးနိုင်တော့မှာပါ။
လက်ရှိမှာ Huawei Mobile Services ကို Google Mobile Services နေရာမှာ အစားထိုး ထည့်သွင်းထားပါတယ်။ ဒါပေမယ့် HMS ဟာ GMS လောက် စွမ်းရည်မမြင့်မားတဲ့ အပြင် ကန့်သတ်ချက်တွေ ရှိနေပါတယ်။ User တချို့က Huawei ဖုန်းတွေမှာ Google Services တွေကို Sideload လုပ်ဖို့ ကြံစည်နေကြပါတယ်။ Google က အဲဒီလိုလုပ်တာဟာ ဖုန်းရဲ့ လုံခြုံရေးကို အားနည်းသွားစေမယ်လို့ သတိပေးထားပါတယ်။ Google နဲ့ Huawei တို့ ပြန်လည် လက်တွဲနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။
Ref : gsmarena
You must log in to post a comment.