Realme 6 Pro ရဲ့ Specs တချို့ Geekbench ကနေ ထွက်ပေါ်လာ

Realme က 6 နဲ့ 6 Pro ကို နောက်လ ၅ ရက်နေ့ အိန္ဒိယမှာ ကြေညာမယ်လို့ အတည်ပြုထားပါတယ်။ သူတို့နဲ့အတူ ကုမ္ပဏီရဲ့ ပထမဆုံး Fitness Band ကိုပါ ကြေညာမှာပါ။ အခုတော့ Realme 6 Pro ရဲ့ Specs တချို့ Geekbench ကနေ ထွက်ပေါ်လာပါတယ်။ 8GB RAM နဲ့ Android 10 ထည့်သွင်းထားမယ်လို့ သိရပါတယ်။ တခြား Specs တွေကို မဖော်ပြထားသေးပါဘူး။

Realme 6 Pro မှာ Snapdragon 720G Chipset မောင်းနှင်ထားမယ်လို့ သတင်းထွက်နေပါတယ်။ 90Hz Refresh Rate ပါတဲ့အတွက် ဂိမ်းကစားရင် မျက်နှာပြင်တုန့်ပြန်မှုက မြန်မှာပါ။ အနောက်ကင်မရာ ၄ လုံး ပါလာနိုင်ပြီး 20x Hybrid/Digital Zoom ထောက်ပံ့ထားမှာပါ။ 64MP Main , Telephoto , Ultrawide နဲ့ Macro ကင်မရာတွေ ဖြစ်နိုင်ပါတယ်။ 30W Fast Charging ပါတဲ့အတွက် အားသွင်းရင် အရမ်းမြန်မှာပါ။ ခရမ်း၊ အဝါနဲ့ အပြာရောင်တွေ ထုတ်လုပ်ထားနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: