S Pen ပါတဲ့ Samsung Galaxy Tab S6 Lite ရဲ့ ဓါတ်ပုံထွက်ပေါ်လာ

Samsung က Galaxy Tab S6 နဲ့ Galaxy Tab S6 5G တို့ကို ကြေညာပြီးနောက်မှာ Galaxy Tab S6 Lite ကို မကြာခင် ချပြတော့မယ်လို့ ထင်ပါတယ်။ သူ့ကို မကြာခင်က Bluetooth Certification မှာတွေ့ခဲ့ရပြီး အခုတော့ ဓါတ်ပုံတွေ ထွက်ပေါ်လာပါတယ်။

Galaxy Tab S6 Lite ဟာ ရိုးရိုး Tab S6 နဲ့ ဒီဇိုင်း အရမ်းတူပြီး S Pen ပါလာပါတယ်။ Status Bar က Cellolar Network Icon အရ သူ့မှာ LTE ဆက်သွယ်မှုကို ထောက်ပံ့ထားပါတယ်။ WiFi မော်ဒယ်ကိုလည်း ထုတ်လုပ်ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။

Galaxy Tab S6 Lite မှာ 64GB နဲ့ 128GB Storage တွေ ရွေးချယ်နိုင်မှာပါ။ Geekbench က စာရင်းအရ 4GB RAM , Android 10 နဲ့ Exynos 9611 SoC ထည့်သွင်းထားမှာပါ။ တခြား Specs တွေကို မသိရသေးပေမယ့် မကြာခင်မှာ တရားဝင် ကြေညာနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: