ဘက်ထရီဌာနကို ရောင်းချတော့မယ့် လစ်သီယမ်အိုင်းယွန်းဘက်ထရီတွေရဲ့ဖခင် Sony ကုမ္ပဏီ

၁၉၇၅ ခုနှစ်ကတည်းက ဘက်ထရီလုပ်ငန်းကို စတင်ခဲ့ပြီး၊ ဈေးကွက်ဝင်လစ်သီယမ်အိုင်းယွန်းဘက်ထရီတွေကို ၁၉၉၁ ခုနှစ်မှာ အစောဆုံးရောင်းချနိုင်ခဲ့တဲ့ Sony ကုမ္ပဏီဟာ အခုဆိုရင် ၎င်းတို့ရဲ့ ဘက်ထရီဌာနကို Murata ကုမ္ပဏီထံ ရောင်းချတော့မှာဖြစ်ပါတယ်။

အီလက်ထရောနစ်ဈေးကွက်ကို တစ်ချိန်က အုပ်စိုးထားနိုင်ခဲ့တဲ့ Sony ကုမ္ပဏီကြီးဟာ ၎င်းတို့ရဲ့ အဓိကစီးပွားရေးလုပ်ငန်းတွေနဲ့ ဌာနခွဲတွေကို အကျိုးအမြတ်ပြန်ရဖို့အတွက် ဖဲ့ဖဲ့ရောင်းနေခဲ့ရပြီး၊ မကြာသေးခင်ကလည်း VAIO PC လုပ်ငန်းကို JIP ကုမ္ပဏီထံ ရောင်းချထားပါတယ်။ ဒီ့အပြင် နယူးယော့ခ်နဲ့ တိုကျိုတို့က ရုံးချုပ်အဆောက်အဦးတွေကိုလည်း ရောင်းချခဲ့ပြီးဖြစ်သလို၊ Sony Online Entertainment ဂိမ်းဌာနကိုပါ ရောင်းချခဲ့ပြီးပါပြီ။

ဒေါ်လာ ၁.၂ ဘီလီယံနဲ့ ရောင်းချခဲ့တဲ့ Sony တိုကျိုရုံးချုပ်
ဒေါ်လာ ၁.၂ ဘီလီယံနဲ့ ရောင်းချခဲ့တဲ့ Sony တိုကျိုရုံးချုပ်

ဝိုင်ယာလက်စ်ပစ္စည်းနဲ့ စက်ရုပ်တွေထုတ်လုပ်တဲ့ ဂျပန်ကုမ္ပဏီ Murata အနေနဲ့ Sony Energy Devices Corporation ကုမ္ပဏီခွဲအပြင်၊ တရုတ်နဲ့ စင်ကာပူနိုင်ငံတို့က ထုတ်လုပ်ရေးစက်ရုံတွေကိုပါ ဝယ်ယူသိမ်းပိုက်သွားဖွယ်ရှိပါတယ်။ အယ်ကာလိုင်းဘက်ထရီတွေနဲ့ USB charger လုပ်ငန်းကိုတော့ ချန်လှပ်ထားခဲ့မှာပါ။

Sony အနေနဲ့ ဘက်ထရီလုပ်ငန်းကို Murata ကုမ္ပဏီထံ ငွေကြေးဘယ်လောက်နဲ့ ရောင်းချခဲ့သလဲဆိုတာကိုတော့ မသိရှိရသေးဘဲ၊ ၂၀၁၆ အောက်တိုဘာလလောက်မှာ အပြီးသတ်သဘောတူညီမှုရယူသွားမှာဖြစ်ကာ၊ မတ်လ ၂၀၁၇ မှာ လွှဲပြောင်းမှုပြီးဆုံးမှာ ဖြစ်တယ်လို့သိရပါတယ်။

Ref: Engadget

 

 

%d bloggers like this: