Nubia Red Magic 5G ရဲ့ ဓါတ်ပုံတွေ TENAA ကနေ ထွက်ပေါ်လာ

Nubia Red Magic 5G ရဲ့ ဓါတ်ပုံတွေ TENAA ကနေ ထွက်ပေါ်လာပါတယ်။ အနောက်ဘက်မှာ အပြာနဲ့ အနီရောင်တွေကို ဖုန်းရဲ့ တစ်ဖက်တစ်ချက်စီမှာ အလှဆင်ထားပါတယ်။ အလယ်မှာ မျဉ်းကြောင်းရှည် ၁ ခု ပါလာပြီး ထိပ်ဖက်မှာ ကင်မရာ ၃ လုံး၊ အလယ်မှာ Red Magic Branding နဲ့ အောက်မှာ Logo တွေ ထည့်သွင်းထားပါတယ်။

TENAA မှာ ၆.၆၅ လက်မ မျက်နှာပြင်နဲ့ 4400mAh ဘက်ထရီ တပ်ဆင်ထားတယ်လို့ ဖော်ပြထားပါတယ်။ ကုမ္ပဏီက သူ့မှာ 144Hz Refresh Rate ပါလာမယ်လို့ အတည်ပြုထားတဲ့အတွက် ဖုန်း သုံးရင်၊ ဂိမ်းကစားရင် အရမ်းကို မြန်နေမှာပါ။ 120Hz Refresh Rate ထက် သာသွားတဲ့ ပထမဆုံး Gaming ဖုန်း ဖြစ်လာနိုင်ပါတယ်။

Nubia Red Magic 5G မှာ 16GB RAM အထိ ပါလာနိုင်ပြီး Air Cooling ပါတဲ့အတွက် ဂိမ်းတွေ ကစားရင် အပူလွန်ကဲတာကို ကာကွယ်ပေးပါတယ်။ ဥက္ကဌ Ni Fei က ဖုန်းမှာ ပန်ကာပါမယ်ဆိုတာလည်း အတည်ပြုထားပြီးပါပြီ။ သူ့မှာ 64MP Sony IMX686 ပင်မ ကင်မရာနဲ့အတူ အပို ကင်မရာ ၂ လုံးပါလာမယ်လို့ သတင်းထွက်နေပါတယ်။ Qualcomm ရဲ့ နောက်ဆုံးထုတ် Snapdragon 865 Chipset မောင်းနှင်ထားမှာ သေချာသလောက်ရှိပါတယ်။ 3C မှာ 55W Charger ပါမယ်လို့ ဖော်ပြထားတဲ့အတွက် အားသွင်းနှုန်းက ဖလန်းဖလန်းထနေမှာ သေချာပါတယ်။

မကြာခင်ကလည်း Fei က အဲဒီ ဖုန်းရဲ့ မော်ဒယ်အားလုံးမှာ Samsung LPDDR5 RAM ကို ပုံသေ စံနှုန်းနဲ့ ထည့်သွင်းပေးမယ်လို့ အတည်ပြုလိုက်ပါတယ်။ Samsung ရဲ့ LPDDR5 ဟာ နောက်ဆုံးပေါ် စံနှုန်း ၁ ခု ဖြစ်ပြီး အရင်မျိုးဆက် LPDDR4X ထက် ၅၀ ရာခိုင်နှုန်း ပိုမြန်ပါတယ်။ ဒေတာ ပေးပို့မှုက 6,400Mbps အထိ ရှိပါတယ်။

Ref : gsmarena

%d bloggers like this: