၁၉၈၁ ခုနှစ်ရဲ့ ဒီနေ့မှာ PC ကွန်ပျူတာတွေကို စတင်မွေးဖွားခဲ့ပါတယ်

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၅နှစ်တာကာလဖြစ်တဲ့ ၁၉၈၁ခုနှစ်၊ ဇူလိုင်လ ၂၉ရက်နေ့မှာ IBM ကုမ္ပဏီဟာ ကမ္ဘာ့ပထမဆုံး Desktop ကွန်ပျူတာလို့ဆိုနိုင်ပြီး IBM PC လို့အများသိတဲ့ PC ကွန်ပျူတာကို စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီကွန်ပျူတာရဲ့ မော်ဒယ်နံပါတ်ဟာ ၅၁၅၀ဖြစ်ပြီး တကယ်တမ်း စတင်ထုတ်လုပ်တာကတော့ ၁၉၈၁ခုနှစ် သြဂုတ်လ ၁၂ရက်မှပဲ စတင်ထုတ်လုပ် ရောင်းချခဲ့တာပါ။

IBM PC ကို Don Estridge နဲ့ Boca Raton တို့ရဲ့ ဦးဆောင်မှုနဲ့အတူ အင်ဂျင်နီယာတစ်စုက စုပေါင်းဖန်တီးခဲ့ကြတာ ဖြစ်ပါတယ်။ ဒါဟာဆိုရင် PC ကွန်ပျူတာတွေရဲ့ ကနဦးအစ ခြေလှမ်းလို့ ဆိုနိုင်ပြီး Desktop ကွန်ပျူတာတွေကို မွေးဖွားခဲ့တဲ့ မျိုးဆက်ပြောင်းကွန်ပျူတာ တစ်မျိုးလို့ဆိုရင်လည်း မမှားပါဘူး။

အဲ့ဒီအပြင် ဒီအချိန်မှာ မြင်တွေ့နေရတဲ့ ကွန်ပျူတာတွေရဲ့ ပုံစံကိုလည်း စတင်ယူဆောင်လာခဲ့တဲ့ ကွန်ပျူတာ တစ်လုံးလည်း ဖြစ်ပါတယ်။

ibm-first-pc1

Ref: this day in tech, wikipedia

 

%d bloggers like this: